ကြက်ဟင်းခါးသီးက ဆီးချိုသမားများအတွက် သဘာဝကပေးအပ်ထားတဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးဖျော်ရည်ကို မနက်မိုးလင်းလင်းချင်း မည်သည့်အစာမျှ မစားရသေးခင်မှာ သောက်သုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပြီး ဆီးချိုရောဂါ ခံစားရနိုင်ချေကို နည်းပါးစေပါတယ်။

ဒါ့အပြင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ ကိုယ်အလေးချိန်တက်ခြင်း၊ နှလုံးရောဂါ ခံစားရခြင်း၊ သွေးတိုးရောဂါ၊ ကိုလက်စတောပမာဏ မြင့်မားခြင်း စတဲ့ရောဂါများ ခံစားရခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ဒါပေမဲ့ လူတော်တော်များများက ကြက်ဟင်းခါးသီးရဲ့ ခါးတဲ့အရသာကြောင့် ရေရှည်မသောက်သုံးနိုင်ကြပါဘူး။ တကယ်လို့ ကြက်ဟင်းခါးသီးကို အခါးအရသာလည်း ပေါ့သွားအောင် အရသာရှိအောင် ဖျော်ထားမယ်ဆိုရင်တော့ မနက်မိုးလင်းတိုင်း သောက်သုံးနိုင်မှာပေါ့နော်။

ဒါဆိုရင် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဖျော်ရည် ဖျော်နည်းကို အခုပဲ လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သော ကြက်ဟင်းခါးသီး ၂ လုံး (သို့) ၃ လုံး
  • သံပုရာသီး တစ်ခြမ်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဟိမဝန္တာဆား လက်တစ်ဖြစ်စာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဟင်းခါးသီးကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပြီးနောက် အခွံခွာထားပါ။ တကယ်လို့ သင့်အနေနဲ့ အခွံပါ စားနိုင်တယ်ဆိုရင်တော့ အခွံမခွာလည်း ရပါတယ်။

သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ထားပါ။

၂။ ထို့နောက် ကြက်ဟင်းခါးသီးကို ဒေါင်လိုက်လှီးဖြတ်ပြီးနောက် အထဲကအစေ့နှင့် ကြမ်းတမ်းသော အခွံကို ဖယ်ထုတ်ကာ ခပ်ပါးပါးလှီးဖြတ်ထားလိုက်ပါ။

၃။ ထိုကြက်ဟင်းခါးသီးအစိတ်အပိုင်းများကို ရေထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းပါ ထည့်စိမ်ပေးဖို့ လိုပါမယ်။

၄။ အချိန်ပြည့်တဲ့အခါမှာတော့ ကြက်ဟင်းခါးသီးများကို ရေစစ်ဖြင့် ခပ်ထုတ်ပေးလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်ဟင်းခါးသီးဖျော်ရည်ကို ဖန်ခွက်ထဲထည့်လိုက်ပါ။ ဟိမဝန္တာဆား၊ နနွင်းမှုန့်နှင့် သံပုရာရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ ဆီးချိုသမားများအတွက် အထူးသင့်တော်တဲ့ ကြက်ဟင်းခါးသီးဖျောရည်လေး ရရှိသွားပါပြီ။ မနက်မိုးလင်းတိုင်းမှာ မှန်မှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

Source: Stylecraze.com