ဆီးချိုရောဂါဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။

thumb-health-benefits-of-mango-leaves-stylenrich

ပန်ကရိယ (Pancreas) ကနေ အင်ဆူလင်ပမာဏကို မထုတ်ပေးတော့တဲ့အခါ ဒါမှမဟုတ်အလုံအလောက် မထုတ်ပေးနိုင်တော့တဲ့အခါမှာ ဖြစ်ပေါ်လာတာပါ။

ဆီးချိုရဲ့လက္ခဏာများ

NATURAL TIPS TO QUANCH EXCESSIVE THRIST

ပုံမှန်ထက် ဆီးသွားများတာ

ရေအရမ်းငတ်တာ

ကိုယ်အလေးချိန်ကျတာ

လိင်အင်္ဂါတွေမှာ နာကျင်တာ

အနာအကျက်နှေးတာ

အမြင်အာရုံေ၀ဝါးတာနဲ့

ပင်ပန်းနွမ်းနယ်လွယ်တာ ဖြစ်ပါတယ်။

ဆီးချိုရောဂါအမျိုးအစား

diabetes-blood-test

ဆီးချိုကို တချို့တွေက သွေးချိုခေါ်ပါတယ်။ ဆီးစစ်တာကိုဆီးချို၊ သွေးစစ်တော့သွေးချို၊ အတူတူပါပဲ။ ဆီးချိုမှာ အမျိုးအစား ၂ မျိုး ပဲရှိတယ်ထင်ကြပါတယ်။ တကယ်တော့ ၃ မျိုးရှိတာပါ။

၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်ရွယ်တဲ့သူတွေမှာ ဖြစ်ပါတယ်။

၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။

၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ပါတယ်။

ဆီချိုအမျိုးအစား ၁ နဲ့ ၂ ကတော့ လုံးဝပျောက်သွားတယ်လို့မရှိပါဘူး။ အမျိုးအစား ၃ ကနေ ကလေးမွေးပြီးရင် ပျောက်ကင်းသွားတာများပါတယ်။ ၁ နဲ့ ၂ က လုံးဝပျောက်ကင်းမသွားပေမဲ့ ဆီးချို ပမာဏထိန်းပြီး သက်တမ်းစေ့နေထိုင်နိုင်ပါတယ်။

သရက်ရွက်ကို ပြုတ်မယ်

mango-leaves-for-diabetes-918x482

သရက်ရွက်အနု ၁၀ ရွက်ကနေ ၁၅ ရွက်လောက် ယူပြီး ရေတစ်ခွက်ထည့်ကာ ဆူအောင် ပြုတ်ပေးပါ။

ပြီးရင် တစ်ညလောက်သိပ်ထားပြီး မနက်ခင်း အစားမစာခင် သောက်ပေးပါ။

ဒီနည်းလမ်းကို ၂ လက် (သို့) ၃ လလောက်ဆက်တိုက်လုပ်ပေးသင့်ပါတယ်။

သရက်ရွက်ကို ရေသေချာဆေးပြီး မှောင်တဲ့နေရာမှာထားပြီး အခြောက်ထားပါ။ ပြီးရင် အရွက်ကို အမှုန့်ဖြစ်အောင်ချေလိုက်ပြီး တစ်ရက်ကို လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်နဲ့ တစ်နေ့ ၂ ကြိမ်သောက်ပေးပါ။

သရက်ရွက်မှာ ကျန်းမာရေးကိုအထောက်အကူပြုစေတဲ့ ဗီတာမင် ၊ Antioxidant နဲ့ တခြား သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အအေးမိတာ၊ ဖျားနာတာ ၊ ဝမ်းလျှောတာ၊ အိပ်မပျော်တာ၊ ပန်းနာရင်ကြပ်နဲ့ ချောင်းဆိုတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် သွေးတိုးကျစေပါတယ်။