ဂျင်းဘီယာက လုပ်ရလည်းလွယ်ပြီး အရသာ ပူရှိန်းရှိန်းလေးနဲ့ သင့်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ဂျင်း သကြားရည် (Ginger Syrup) ( တောက်တောက်စဉ်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား  စားပွဲတင်ဇွန်း ၈ ဇွန်း၊ ရေ ၂၃၀ ml ။

Active Dry Yeast (ကစော်) လက်ဖက်ရည်ဇွန်း 1/8

သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

Photo Credit: https://invisiverse.wonderhowto.com

ရေသန့် ၁.၆ လီတာ

ဆိုဒါ ၂ လီတာ

ရေစစ်

ရေကတော့

ပြုလုပ်နည်း

အဆင့် (၁) ဂျင်းကို ခြစ်ပါ

Photo Credit: invisiverse.wonderhowto.com

ဂျင်းကို ဇွန်းကိုသုံးပြီး အခွံခွာလိုက်ပါ။ ပြီးရင် ဂျင်းကို ခြစ်တဲ့ ကိရိယာနဲ့  ခြစ်ချလိုက်ပါ။ ဒါဆိုရင် စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ရအောင် ခြစ်လိုက်ပါ။

ဒါမှမဟုတ် ဂျင်းကို တောက်တောက်စဉ်းလည်းရပါတယ်။

အဆင့် (၂)  ဂျင်း သကြားရည်ကို လုပ်မယ်

Photo Credit: invisiverse.wonderhowto.com

ခုနက ခြစ်ထားတဲ့ ဂျင်းကို၊ သကြား စားပွဲတင်ဇွန်း ၈ ဇွန်း၊ ရေ ၂၃၀ ml တို့ကို ဒယ်အိုးထဲထည့်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်မှာ တင်လိုက်ပြီး သကြားပျော်ဝင်သွားအောင် ကျိုလိုက်ပါ။ ပြီးရင် မီးပိတ်လိုက်ပြီးတော့ ဂျင်းကို သကြားရည်ထဲမှာ ၁ နာရီလောက် စိမ်ထားလိုက်ပါ။

ပြီးရင် ရေစစ်ကို ယူလိုက်ပြီးတော့ သကြားရေထဲက ဂျင်းအဖတ်တွေကို ဆယ်ထုတ်လိုက်ပါ။

အဆင့် (၃) အဲ့ဒါတွေအားလုံးကို ၂ လီတာ ဆံ့တဲ့ ပလပ်စတစ်ဗူးထဲထည့်လိုက်ပါ

Photo Credit: invisiverse.wonderhowto.com

ကတော့ကို အသုံးပြုပြီး ကစော် (Active Dry Yeast) တွေကို ၂ လီတာရှိတဲ့ ရေဗူးထဲလောင်းထည့်လိုက်ပါ။ ပြီးရင် ဂျင်းသကြားရည်ကို ထည့်ပါ။ သံပုရာ ရည်ထည့်ပါ။ ရေသန့်ထည့်ပါ။ ပြီးရင်ဗူးကို အဖုံးပိတ်လိုက်ပြီး ပါဝင်ပစ္စည်းတွေအားလုံးကို သမအောင်နဲ့ ပျော်ဝင်သွားအောင် လှုပ်ခါလိုက်ပါ။

အဆင့် (၄) ရက်အနည်းငယ်လောက်ထားလိုက်ပါ

Photo Credit: invisiverse.wonderhowto.com

အဲ့ဒီ ပုလင်းကို နေရောင် နဲ့ ဝေးတဲ့နေရာမှာ သိုလှောင်ထားလိုက်ပါ။ ၂ ရက်ကနေ ၃ ရက်လောက် ဘီယာပုလင်းမှာ အမြှပ်လေးတွေ ထလာတဲ့အထိ သိုလှောင်ထားလိုက်ပါ။

ကဲဒါဆိုရင် ဂျင်းဘီယာ မွှေးမွှေးလေးကို လတ်ဆတ်မှုအပြည့်နဲ့ သောက်လို့ရပြီနော်။

ဂျင်းဘီယာရဲ့ အချဉ်ဖောက်တဲ့ လုပ်ငန်းစဉ်နှေးနေအောင် ရေခဲသေတ္တာထဲမှာ သိုလှောင်ထားလိုက်ပါ။ ဒါပေမယ့် နေ့စဉ် ပုလင်းဖွင့်ပြီး ဂက်စ်ကို ထုတ်ပေးရပါမယ်။ မေ့ပြီး မထုတ်မိရင် ဘီယာဗူးက ထပေါက်ပါလိမ့်မယ်။

Photo Credit: invisiverse.wonderhowto.com