ထောပတ်ကို လွန်ခဲ့သော နှစ်ပေါင်း လေးငါးထောင်ခန့်ကပင် ပေါ်ပေါက်ခဲ့တဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ ထောပတ်ကို အရှေ့တိုင်းမှာ စတင်တွေ့ရှိခဲ့တာပါ။
ကုန်သည်များ ခရီးသွားလာရင်း လမ်းမှာ အစာရေဆာ မပြတ်လတ်စေဖို့ နွားနို့ကို နွားသားရေ အိတ်တွေမှာ ထည့်ထားရင်း ခရီးသွားကြရာကနေ မလိုင်များမှ ဆီဦးထောပတ်များ ဖြစ်လာပြီး စားလို့ ကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြပုံ ရပါတယ်။
Source: NPR
အဲ့ဒီကနေ စပြီးတော့ နွားနို့ကို အိတ်ထဲထည့် မြင်းတွေ လားတွေပေါ်မှာ တင်ပြီး လှုပ်ရှားကာ ထောပတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ အဆင့်ဆင့် တိုးတက်လာတာနဲ့အမျှ လူတွေဟာ ထောပတ်ကို ပိုမို ပြုလုပ်ခဲ့ကြပေမယ့် စနစ်မရှိသေးတဲ့အတွက် ဆီအဖြစ်လောက်သာ သုံးလို့ရခဲ့ပါတယ်။
နောက်ပိုင်း ခေတ်မီပညာတွေ ထွန်းကားလာတဲ့နောက်မှာတော့ ထောပတ်ဟာ အိမ်တိုင်းအတွက် မရှိမဖြစ်လို့ ပြောရလောက်အောင်ကို အသုံးတွင်ကျယ်လာခဲ့ပါတယ်။ ထောပတ်ကို တိုးတက်အောင်၏ပြုလုပ်ခဲ့သူကတော့ ပြင်သစ် သိပ္ပံပညာရှင် ပါးစတားဆိုသူပါ။ ၁၈၀၀ ခုနှစ်နောက်ပိုင်းတွေမှာတော့ ထောပတ်ချက် စက်ရုံတွေ ပေါ်လာပြီး ထောပတ်ကို ခေတ်မှီ စနစ်ကျစွာ ထုတ်လုပ်ခဲ့ကြပါတယ်။
Source: Good Food
ထောပတ်ကို ပြုလုပ်ရာမှာ အရေးအကြီးဆုံးကတော့ သန့်ရှင်းမှုပါပဲ။ နွားများကိုလည်း ဂရုတစိုက်မွေးမြူပြီး နွားမများကို သန့်ပြစ်အောင် ထားရပါတယ်။
သန့်နေမှသာ ထောပတ်မှာ အနံ့ဆိုး မဝင်မှာ ဖြစ်ပါတယ်။ ထောပတ်ကို အဓိက ထုပ်လုပ်တဲ့ နိုင်ငံတွေကတော့ ဒိန်းမတ်၊ နယူးဇီလန်၊ အိုင်ယာလန်၊ အာဂျင်တီးနား၊ ဖင်လန်၊ နယ်သာလန်၊ ဆွီဒင်၊ ပြင်သစ်၊ အမေရိကန်နဲ့ ကနေဒါတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ်ကို ရှေးကတည်းက စားသုံးခဲ့ကြပါတယ်။
Source: The Kitchn
ထောပတ်မှာ ဗီတာမင် အေ အဓိက ပါဝင်တာကြောင့် ခနာကိုယ် ကြီးထွားသန်စွမ်းစေပြီး ရောဂါတွေကို တွန်းလှန်နိုင်စွမ်း ရှိပါတယ်။ ကလေးငယ်တွေ ပိုပြီး စားပေးသင့်ပါတယ်။ အခုတော့ ထောပတ်ဟာ တစ်ကမ္ဘာလုံး နေ့စဉ် အသုံပြုတဲ့ အစားအစာ တစ်ခု ဖြစ်လာပါပြီ။
Ref: wiki