သင်တို့ရဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ စာသင်ခန်းထဲ ပျင်းရင် ပီကေဝါးခြင်းကို လူတိုင်းနီးပါး ပြုလုပ်ခဲ့ကြပါလိမ့်မယ်။ ပီကေဝါးမယ် ပူဖောင်းပြိုင်လုပ်ကြမယ် တဖောက်ဖောက်နဲ့ ဖောက်တမ်းကစားမယ်။ ပီကေကို အပျင်းပြေဝါးသလို အခြား ခံတွင်းနံ့ ဆိုးဝါးမှုကို ပျောက်ကင်းစေဖို့ စားကြပြီး စိတ်ငြိမ်ဖို့ အတွက်လည်း စားကြပါတယ်။

ပီကေစားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေလား ကောင်းမွန်စေလား ဆိုတာကတော့ စားတဲ့ ပီကေပေါ်မှာလည်း မူတည်ပါတယ်။ အချိုမပါတဲ့ Sugarless လို ပီကေမျိုးကို စားခြင်းကတော့ လူကို ထိခိုက်မှု နည်းပါတယ်။ ပီကေစားခြင်းကြောင့် ကောင်းမွန်တဲ့ အကျိုးတွေလည်း ရှိပါတယ်။

၁။ သတိရစေခြင်း

Chewing Gum

ပီကေဝါးခြင်းဟာ အိပ်ငိုက်ခြင်းနဲ့ ပျင်းရိခြင်းကို မဖြစ်ပေါ်စေနိုင်ပါဘူး။ ၂၀၀၉ ခုနှစ် HealthSite တစ်ခုရဲ့ လေ့လာတွေ့ရှိချက်အရ ပီကေစားခြင်းဟာ နိုးကြွစေနိုင်ပြီး လုပ်ရမယ့် အလုပ်ကို အာရုံစိုက်လို့ ရနိုင်တယ်လို့ အတည်ပြုထားပါတယ်။

၂။ ဝိတ်လျှော့ခြင်းကို ကူညီပေးနိုင်

ပီကေစားခြင်းဟာ ကယ်လိုရီကို လောင်ကျွမ်းပေးနိုင်တဲ့ အစွမ်းရှိတာမို့ သင် ဝိတ်လျှော့နေတယ်ဆိုရင်တော့ ပီကေစားပေးပါ။ အစာစားချင်စိတ်ကိုပါ လျှော့ချနိုင်တာမို့ အကူအညီ ရပါတယ်။

၃။ ခံတွင်းအနံ့ဆိုးကို ထိန်းပေးနိုင်

Sugarfree ပီကေတွေ စားခြင်းဟာ ခံတွင်းအနံ့ဆိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးတကြီး စကားပြောစရာ ရှိပြီဆိုရင်တော့ မတွေ့ခင် ပီကေလေးသာ ဝါးထားလိုက်ပါ။

၄။ စိတ်ဖိစီးမှုကို လျှော့ချနိုင်

နိုင်ငံခြား ဘောလုံးပွဲတွေ ကြည့်တဲ့အခါ နည်းပြအတော်များများဟာ ပွဲချိန်အတွင်းမှာ ပီကေဝါးနေကြတာတွေ မြင်ဖူးကြမှာပါ။ စိတ်ဖိစီးနေမှုတွေ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

၅။ အာရုံစူးစိုက်မှု ပိုရနိုင်

အလုပ်တစ်ခုကို အာရုံစူးစိုက်မှု ပိုရချင်တယ်ဆိုရင်တော့ ပီကေဝါးလိုက်ပါ။ ကျန်းမာရေးအမြင်အရ ကြည့်ရင်လည်း ထိခိုက်မှု မရှိနိုင်တဲ့ အတွက် အာရုံစူးစိုက်မှုကို အားပေးနိုင်တဲ့ ပီကေစားခြင်းကို စမ်းသပ်ကြည့်ပါ။

Source: zeenews