[Unicode]
မီးဖိုချောင်ဝင်တဲ့ လူအများစုဟာ ကြက်သွန်နီ လှီးတဲ့ အခါမှာ ၄နှစ်သမီး အရွယ်တွေလို ငိုကြတော့တာပါပဲ။ ဒီလို မဖြစ်စေဖို့ နည်းလမ်းလေး တချို့ကို မျှဝေချင်ပါတယ်။ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းလေးတွေမို့ အသုံးတည့်မှာပါ။ အိမ်ရှင်မတွေရော အိမ်ရှင်ထီးတွေပါ ထပ်မငိုဖို့ တာဝန် ယူပါတယ်။
၁။ မလှီးခင်မှာ ရေခဲသေတ္တာထဲ ထည့်ထားပါ။
Source: wikiHow
ကြက်သွန်နီကို မလှီးခင်မှာ တခြား အလုပ်တွေ လုပ်နေရင်း သူ့ကို ရေခဲသေတ္တာထဲ ခဏ ထည့်ထားလိုက်ပါ။ ၁၅မိနစ်လောက်ပါပဲ။ အေးလာတဲ့ အခါ သူ့ဆီကနေ မျက်ရည်ထွက်စေတဲ့ ဓာတ်တွေဟာ တဖြည်းဖြည်း လျော့နည်းသွားပါတယ်။ အကြာကြီးတော့ မထည့်ထားနဲ့နော်။
၂။ ပေါင်မုန့်ကိုက်ထားပါ
Source: Vorply
စပြီး ကြက်သွန်လှီးတော့မယ် ဆိုတာနဲ့ ပေါင်မုန့် အပိုင်းအစလေးကို ကိုက်ထားပါ။ မျက်လုံးတွေကတော့ မွှန်ပြီး ရဲလာပါလိမ့်မယ် ဒါပေမယ့် မျက်ရည်မကျတော့ပါဘူး. ပေါင်မုန့်ဟာ ကြက်သွန်နီက ထွက်တဲ့ Sulfuric ဓာတ်ပေါင်းကို မျက်လုံးထဲ မဝင်အောင် တားဆီးပေးပါတယ်။ လှီးတာ မပြီးခင် စားမပစ်လိုက်နဲ့ဦးနော်
၃။ သံပုရာရည်ကို ဓါးမှာ သုတ်လိမ်းပါ။
Source: BuzzFeed
ကြက်သွန် မလှီးခင် ဓါးမှာ သံပုရာရည်ကို သုတ်ထားပေးပါ။ သံပုရာသီးရဲ့ စီထရွစ် အက်ဆစ်ဓာတ်ဟာ ကြက်သွန်လှီးလိုက်တဲ့ အခါတိုင်း ဓာတ်ပြုပြီး မွှန်စေတဲ့ ဓာတ်တွေ ထပ်မထွက်လာနိုင်တော့တာပါ။ လွယ်ကူစေမယ့် နည်းလမ်းမို့ အသုံးဝင်စေပါတယ်။
၄။ ဓါးကို မလှီးခင် သွေးထားပါ။
Source: ProCook
တွေးကြည့်ရင်တော့ လွယ်ပါတယ်။ ဓါးတုံးနေရင် လှီးတဲ့အခါ ပိုကြာပြီး ပိုမွှန်စေမှာပါ ဒါကြောင့် ဓါးကို မလှီးခင် နည်းနည်း ဓါးသွေးကျောက်လေးနဲ့ တိုက်လိုက်ပါ။
၅။ ကြက်သွန်လှီးတဲ့အခါ တပ်တဲ့ မျက်မှန်ကို အသုံးပြုပါ။
Source: The Guardian
အနောက်နိုင်ငံတွေမှာတော့ Goggles ဆိုတဲ့ မျက်မှန်ကို အသုံးပြုကြပါတယ်။
၆။ ရေကျနေတဲ့ နေရာမှာ လှီးပါ
Source: xaluan.com
ရေပိုက်ခေါင်းကနေ ရေကို ဖွင့်ထားပြီး အဲ့ဒီအောက်မှာ လှီးရင်လည်း မျက်ရည်ကျမှုကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ရေကုန်တဲ့ အတွက် သိပ်တော့ အဆင်မပြေပါဘူး။
၇။ အနီးမှာ ဖယောင်းတိုင် ထွန်းထားပါ။
Source: Fab How
ကြက်သွန်လှီးတဲ့ အနားမှာ ဖယောင်းတိုင် တစ်တိုင် ထွန်းထားပြီး လှီးရင် မျက်ရည်မကျစေပါဘူး။
ကဲ..ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းလေးတွေ သုံးပြီး စမ်းသပ်ကြည့်ကြစို့။
Featured Image Source: Yuppiechef.com
[Zawgyi]
မီးဖိုေခ်ာင္၀င္တဲ့ လူအမ်ားစုဟာ ၾကက္သြန္နီ လွီးတဲ့ အခါမွာ ၄ႏွစ္သမီး အရြယ္ေတြလို ငိုၾကေတာ့တာပါပဲ။ ဒီလို မျဖစ္ေစဖို႔ နည္းလမ္းေလး တခ်ိဳ႕ကို မွ်ေ၀ခ်င္ပါတယ္။ ရိုးရွင္းၿပီး လြယ္ကူတဲ့ နည္းလမ္းေလးေတြမို႔ အသံုးတည့္မွာပါ။ အိမ္ရွင္မေတြေရာ အိမ္ရွင္ထီးေတြပါ ထပ္မငိုဖို႔ တာ၀န္ ယူပါတယ္။
၁။ မလွီးခင္မွာ ေရခဲေသတၱာထဲ ထည့္ထားပါ။
Source: wikiHow
ၾကက္သြန္နီကို မလွီးခင္မွာ တျခား အလုပ္ေတြ လုပ္ေနရင္း သူ႔ကို ေရခဲေသတၱာထဲ ခဏ ထည့္ထားလိုက္ပါ။ ၁၅မိနစ္ေလာက္ပါပဲ။ ေအးလာတဲ့ အခါ သူ႔ဆီကေန မ်က္ရည္ထြက္ေစတဲ့ ဓာတ္ေတြဟာ တျဖည္းျဖည္း ေလ်ာ့နည္းသြားပါတယ္။ အၾကာႀကီးေတာ့ မထည့္ထားနဲ႔ေနာ္။
၂။ ေပါင္မုန္႔ကိုက္ထားပါ
Source: Vorply
စၿပီး ၾကက္သြန္လွီးေတာ့မယ္ ဆိုတာနဲ႔ ေပါင္မုန္႔ အပိုင္းအစေလးကို ကိုက္ထားပါ။ မ်က္လံုးေတြကေတာ့ မႊန္ၿပီး ရဲလာပါလိမ့္မယ္ ဒါေပမယ့္ မ်က္ရည္မက်ေတာ့ပါဘူး. ေပါင္မုန္႔ဟာ ၾကက္သြန္နီက ထြက္တဲ့ Sulfuric ဓာတ္ေပါင္းကို မ်က္လံုးထဲ မ၀င္ေအာင္ တားဆီးေပးပါတယ္။ လွီးတာ မၿပီးခင္ စားမပစ္လုိက္နဲ႔ဦးေနာ္
၃။ သံပုရာရည္ကို ဓါးမွာ သုတ္လိမ္းပါ။
Source: BuzzFeed
ၾကက္သြန္ မလွီးခင္ ဓါးမွာ သံပုရာရည္ကို သုတ္ထားေပးပါ။ သံပုရာသီးရဲ႕ စီထရြစ္ အက္ဆစ္ဓာတ္ဟာ ၾကက္သြန္လွီးလိုက္တဲ့ အခါတိုင္း ဓာတ္ျပဳၿပီး မႊန္ေစတဲ့ ဓာတ္ေတြ ထပ္မထြက္လာႏုိင္ေတာ့တာပါ။ လြယ္ကူေစမယ့္ နည္းလမ္းမို႔ အသံုး၀င္ေစပါတယ္။
၄။ ဓါးကို မလွီးခင္ ေသြးထားပါ။
Source: ProCook
ေတြးၾကည့္ရင္ေတာ့ လြယ္ပါတယ္။ ဓါးတံုးေနရင္ လွီးတဲ့အခါ ပိုၾကာၿပီး ပိုမႊန္ေစမွာပါ ဒါေၾကာင့္ ဓါးကို မလွီးခင္ နည္းနည္း ဓါးေသြးေက်ာက္ေလးနဲ႔ တိုက္လိုက္ပါ။
၅။ ၾကက္သြန္လွီးတဲ့အခါ တပ္တ့ဲ မ်က္မွန္ကို အသံုးျပဳပါ။
Source: The Guardian
အေနာက္ႏိုင္ငံေတြမွာေတာ့ Goggles ဆိုတဲ့ မ်က္မွန္ကို အသံုးျပဳၾကပါတယ္။
၆။ ေရက်ေနတဲ့ ေနရာမွာ လီွးပါ
Source: xaluan.com
ေရပိုက္ေခါင္းကေန ေရကို ဖြင့္ထားၿပီး အဲ့ဒီေအာက္မွာ လွီးရင္လည္း မ်က္ရည္က်မႈကို ကာကြယ္ေပးပါတယ္။ ဒါေပမယ့္ ေရကုန္တဲ့ အတြက္ သိပ္ေတာ့ အဆင္မေျပပါဘူး။
၇။ အနီးမွာ ဖေယာင္းတုိင္ ထြန္းထားပါ။
Source: Fab How
ၾကက္သြန္လွီးတဲ့ အနားမွာ ဖေယာင္းတိုင္ တစ္တိုင္ ထြန္းထားၿပီး လွီးရင္ မ်က္ရည္မက်ေစပါဘူး။
ကဲ..ကိုယ္နဲ႔ အဆင္ေျပႏုိင္မယ့္ နည္းလမ္းေလးေတြ သံုးၿပီး စမ္းသပ္ၾကည့္ၾကစို႔။
Featured Image Source: Yuppiechef.com