[Unicode]

သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရောပြီး သောက်သုံးတာက ရှေးခေတ် တရုတ် ဆေးနည်းတစ်မျိုးပါပဲ။ သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရှေးကတည်းက တရုတ်လူမျိုးတွေက အိမ်တွင်းဆေးဝါးအဖြစ် သောက်သုံးလာကြတာပါ။

သစ်ကြမ်းပိုးခေါက် မှာပါတဲ့ Hydrogen Peroxide က ပျားရည်ထဲရောက်သွားပြီး သောက်သုံးလိုက်ရင် လူ့ခန္ဓာကိုယ်ထဲက ဘေးဖြစ်နိုင်တဲ့ ဘက်ထရီးယားနဲ့ မှိုတွေရဲ့ ကြီးထွားမှုနှုန်းကို ရပ်တန့်စေပြီး ဖယ်ရှားပေးပါတယ်။

088bcfd

နှလုံးရောဂါ

16-natural-remedies-from-honey-and-cinnamon-against-arthritis-heart-diseases-cholesterol-inflammation

သစ်ကြမ်းပိုးခေါက် အမှုန့်နဲ့ ပျားရည်နဲ့ကို မွှေလိုက်ပြီး ပေါင်မှုန့်နဲ့ နေ့စဉ် မနက်စာအဖြစ် စားသုံးပါ။ သွေးကြောထဲက ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရုတ်တရပ် ရပ်တန့်မှု (heart attack)ကို ကာကွယ်ပေးပါတယ်။

အဆစ်ရောင်၊ အဆစ်အမြစ်ကိုက်ခဲတဲ့ ရောဂါ

ရေနွေး ပူပူလေးထဲမှာ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ထည့်ပြီး မနက်တစ်ခါ၊ ညတစ်ခါ သောက်ပေးပါ။ အမြဲတမ်းသောက်ပေးနေရင် နာတာရှည် အဆစ်အမြစ် ကိုက်ခဲမှုတွေကို ပျောက်ကင်းစေပါတယ်။

သည်းခြေအိတ် ရောဂါ

ရေနွေးပူပူလေးထဲကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ထည့်ပြီး မွှေပါ။ ဒါက သည်းခြေအိတ်ထဲမှာရှိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

ကိုလက်စထရော

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ရေနွေးကြမ်းထဲ ထည့်ပြီးသောက်ပေးပါ။ သောက်သောက်ပြီးချင်း ၂ နာရီလောက်မှာ သွေးအတွင်း ကိုလက်စထရော ဓာတ် ၁၀ % လောက် ကျဆင်းသွားပါလိမ့်မယ်။

ကင်ဆာ

အစာအိမ် ကင်ဆာ လူနာရှင် တချို့ကလည်း သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည် ရောပြီးစားသုံးပေးရင်းနဲ့ ရောဂါပျောက်ကင်းခဲ့တာမျိုးလည်း ရှိပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့်နဲ့ ရောပြီး ၃ လလောက် စားသုံးပေးပါ။

[Zawgyi]

သစ္ၾကမ္းပိုးေခါက္နဲ႔ ပ်ားရည္ကို ေရာၿပီး ေသာက္သံုးတာက ေရွးေခတ္ တရုတ္ ေဆးနည္းတစ္မ်ိဳးပါပဲ။ သစ္ၾကမ္းပိုးေခါက္နဲ႔ ပ်ားရည္ကို ေရွးကတည္းက တရုတ္လူမ်ိဳးေတြက အိမ္တြင္းေဆး၀ါးအျဖစ္ ေသာက္သံုးလာၾကတာပါ။

သစ္ၾကမ္းပိုးေခါက္ မွာပါတဲ့ Hydrogen Peroxide က ပ်ားရည္ထဲေရာက္သြားၿပီး ေသာက္သံုးလိုက္ရင္ လူ႔ခႏၶာကိုယ္ထဲက ေဘးျဖစ္ႏိုင္တဲ့ ဘက္ထရီးယားနဲ႔ မႈိေတြရဲ႕ ႀကီးထြားမႈႏႈန္းကို ရပ္တန္႔ေစၿပီး ဖယ္ရွားေပးပါတယ္။

088bcfd

ႏွလံုးေရာဂါ

16-natural-remedies-from-honey-and-cinnamon-against-arthritis-heart-diseases-cholesterol-inflammation

သစ္ၾကမ္းပိုးေခါက္ အမႈန္႔နဲ႔ ပ်ားရည္နဲ႔ကို ေမႊလိုက္ၿပီး ေပါင္မႈန္႔နဲ႔ ေန႔စဥ္ မနက္စာအျဖစ္ စားသံုးပါ။ ေသြးေၾကာထဲက ကိုလက္စထေရာေတြကို က်ဆင္းေစၿပီး ႏွလံုးရုတ္တရပ္ ရပ္တန္႔မႈ (heart attack)ကို ကာကြယ္ေပးပါတယ္။

အဆစ္ေရာင္၊ အဆစ္အျမစ္ကိုက္ခဲတဲ့ ေရာဂါ

ေရေႏြး ပူပူေလးထဲမွာ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ သစ္ၾကမ္းပိုးေခါက္ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ကို ထည့္ၿပီး မနက္တစ္ခါ၊ ညတစ္ခါ ေသာက္ေပးပါ။ အၿမဲတမ္းေသာက္ေပးေနရင္ နာတာရွည္ အဆစ္အျမစ္ ကိုက္ခဲမႈေတြကို ေပ်ာက္ကင္းေစပါတယ္။

သည္းေျခအိတ္ ေရာဂါ

ေရေႏြးပူပူေလးထဲကို သစ္ၾကမ္းပိုးေခါက္ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္းတို႔ကို ထည့္ၿပီး ေမႊပါ။ ဒါက သည္းေျခအိတ္ထဲမွာရွိေနတဲ့ ပိုးမႊားေတြကို ေသေစႏိုင္ပါတယ္။

ကိုလက္စထေရာ

ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ သစ္ၾကမ္းပိုးေခါက္ စားပြဲတင္ဇြန္း ၃ ဇြန္းတုိ႔ကို ေရေႏြးၾကမ္းထဲ ထည့္ၿပီးေသာက္ေပးပါ။ ေသာက္ေသာက္ၿပီးခ်င္း ၂ နာရီေလာက္မွာ ေသြးအတြင္း ကိုလက္စထေရာ ဓာတ္ ၁၀ % ေလာက္ က်ဆင္းသြားပါလိမ့္မယ္။

ကင္ဆာ

အစာအိမ္ ကင္ဆာ လူနာရွင္ တခ်ိဳ႕ကလည္း သစ္ၾကမ္းပိုးေခါက္နဲ႔ ပ်ားရည္ ေရာၿပီးစားသံုးေပးရင္းနဲ႔ ေရာဂါေပ်ာက္ကင္းခဲ့တာမ်ိဳးလည္း ရွိပါတယ္။ ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း ကို သစ္ၾကမ္းပိုးေခါက္ စားပြဲတင္ဇြန္း ၁ ဇြန္းအျပည့္နဲ႔ ေရာၿပီး ၃ လေလာက္ စားသံုးေပးပါ။