သဘာဝအတိုင်း ဝိတ်ကျသွားမယ့် နည်းလမ်းလေးတွေကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကိုသာ သတိရလိုက်ပါ။

သစ်ကြမ်းပိုးခေါက်က ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အူလမ်းကြောင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများ၊ မှိုများနဲ့ ကပ်ပါးရောဂါပိုးများကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်စေပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ဝိတ်ကျစေမှာပဲဖြစ်ပါတယ်။

ပျားရည်မှာတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်များကို ဗီတာမင်နဲ့ သတ္တုဓာတ်များမှ ရရှိအောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆီဓာတ်များကို ဖယ်ရှားပေးနိုင်ဖို့ရန်အတွက် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် ပျားရည်က ကူညီပေးပါတယ်။

ဝိတ်ကျဖို့အတွက် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

နည်းလမ်း (၁)

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ ရေ ၁၂၅ မီလီလီတာခန့်၊ သစ်ကြမ်းပိုးခေါက် တစ်ချောင်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ရေကို ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ သစ်ကြမ်းပိုးခေါက်ကို ရေနွေးကရားထဲထည့်ထားပြီးနောက် ပွက်ပွက်ဆူနေသော ရေကို ရေနွေးကရားထဲ ထည့်လိုက်ပါ။ ၁၀ မိနစ်ခန့် စိမ်ထားပြီးတဲ့နောက်မှာ သစ်ကြမ်းပိုးခေါက်ကို ဖယ်ရှားပြီး ရေနွေးချည်းပဲ ခပ်ထုတ်လိုက်ပါ။ ရေနွေးထဲသို့ ပျားရည်ထည့်မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ပျားရည် သစ်ကြမ်းပိုးခေါက် ရေနွေးကို သောက်သုံးကြည့်လိုက်ပါ။

နည်းလမ်း (၂)

Green Tea Fatburner

ရေ ၂၅၀ မီလီလီတာ၊ သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ Green Tea လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက် အမှုန့်တို့ကို ရောနှောလိုက်ပါ။ ရေကို ပွက်ပွက်ဆူအောင် တည်ပြီးနောက် Green Tea ထည့်လိုက်ပါ။ ထို့နောက် Green Tea အရည်ကို ပျားရည်အရောအနှောထဲ လောင်းထည့်လိုက်ပါ။

သမအောင် ရောမွှေပြီးနောက် အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

နည်းလမ်း (၃)

ရေ ၃၇၅ မီလီလီတာ၊ သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ရေကို ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲတွင် သစ်ကြမ်းပိုးခေါက် အမှုန့်၊ ပျားရည်နဲ့ သံပုယိုရည်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရေနွေးကို သံပုယိုရည်အရောအနှောထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

ဘယ်အချိန်မှာ သောက်သုံးသင့်သလဲ။

အခုဖော်ပြပေးခဲ့တဲ့ ဖျော်ရည်လေးတွေကို မနက် (သို့) အစားစားပြီးချိန် (သို့) အားကစားပြုလုပ်ပြီးချိန် (သို့) ညအိပ်ရာမဝင်ခင် အချိန် စသည်ဖြင့် မိမိနှစ်သက်ရာအချိန်တွေမှာ သောက်သုံးနိုင်ပါတယ်။

Source: Stylecraze.com

Featured Image Source: lifealth.com