ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးများတဲ့ လေးညှင်းဟာ မွှေးပျံ့စေဖို့ ကူညီပေးပါတယ်။ တရုတ်ဟင်းလျာတွေမှာ အသုံးများပါတယ်။ သူရဲ့ အနံ့စူးစူးဟာ တော်ရုံ အညှီနံ့ကို ပျောက်သွားစေပါတယ်။ ပုံသဏ္ဍာန်ခပ်သေးသေးနဲ့ လေးညှင်းမှာ ဆေးဖက်ဝင် အာနိသင်နဲ့ အာဟာရတန်ဖိုးကတော့ ခပ်များများပါပဲ။

သူ့မှာ ပရိုတင်းဓာတ်၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက်ဒိုကလိုရစ် အက်စစ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် အုပ်စုနဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါသေးတယ်။

လေးညှင်းရဲ့ မူလဇာစ်မြစ်ကတော့ အင်ဒိုနီးရှားက Maluka ကျွန်းစုတွေပါပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ပါကစ္စတန် တို့မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါတယ်။ လေးညှင်း ကို အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတွေမှာ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး အသားတွေနဲ့ ရောပြီး ချက်ပြုတ်ကြပါတယ်။ အင်ဒိုနီးရှားမှာ Kretek ဆိုတဲ့ စီးကရက်ကတော့ လေးညှင်းနဲ့ လုပ်ထားတဲ့ စီးကရက်ပါ။ သွားတိုက်ဆေး အဖြစ်လည်း ထုတ်ပြီး အသုံးပြုကြပါသေးတယ်။

လေးညှင်းမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။

၁။ သွားနာခြင်းနဲ့ သွားကိုက်ခြင်းတို့ကို သက်သာစေပါတယ်။

Signal Toothpaste

လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် နာကျင်ခြင်းနဲ့ အကိုက်အခဲတွေကို သက်သာစေပါတယ်။ သွားကိုက်တဲ့ အခါ လေးညှင်းဆီကို ဂွမ်းနဲ့ တို့ပြီး သွားကိုက်တဲ့ နေရာဖိထားပေးရင် သက်သာပါတယ်။ ခံတွင်း အနံ့ကို မွှေးစေတဲ့ အတွက် ပလုတ်ကျင်းဆေးရည်နဲ့ သွားတိုက်ဆေးတွေ အဖြစ် သုံးကြပါတယ်။ သွားဖုံး ကိုက်ခဲခြင်းနဲ့ နာကျင်ခြင်းတို့ကိုပါ သက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။

၂။ အစာချေစနစ်ကို ကောင်းမွန်စေနိုင်

လေးညှင်းဟာ အစာချေစနစ်ကို ထောက်ပံ့မှုတွေ ပေးပါတယ်။ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ပျို့အန်ချင်တာတွေကို သက်သာစေပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ဗိုက်ကယ်ပြီး အောင့်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။

၃။ ကင်ဆာကို တားဆီးပေး

အထူးသဖြင့် အစာအိမ်ကင်ဆာ၊ အူကင်ဆာ၊ အဆုတ်ကင်နဲ့ အရေပြားကင်ဆာတို့ကို မဖြစ်စေဖို့ တားဆီးပေးပါတယ်။

၄။ ကိုယ်ခံစွမ်းအားကို တိုးစေနိုင်

သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစွမ်းအား စနစ်ကို ထောက်ပံ့ပေးပါတယ်။

၅။ ရောင်ရမ်းမှုကို သက်သာစေနိုင်

လေးညှင်းဆီကို ကြွက်သားတွေမှာ လိမ်းပြီး နှိပ်ပေးရင် ရောင်ရမ်းတာ နာကျင်တာတွေ သက်သာစေနိုင်ပါတယ်။

Credit: mindbodygreen.com