သင်က နေ့တစ်နေ့ရဲ့အစကို ကော်ဖီနဲ့ အစပြုလေ့ရှိတဲ့ ကော်ဖီချစ်သူလား။ တစ်နေ့ကို ကော်ဖီ နှစ်ခွက်၊ သုံးခွက်လောက် သောက်တတ်တဲ့ အလေ့အကျင့်တစ်ခု စွဲကပ်နေပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်များကို လိုက်နာကျင့်သုံးပေးဖို့ လိုနေပါပြီ။

မွန်းလွဲ ၂ နာရီနောက်ပိုင်း ကော်ဖီမသောက်ပါနဲ့တော့

ကော်ဖီထဲမှာ လူကို တက်ကြွရွှင်လန်းစေတဲ့ ကာဖိန်းဓာတ်များပါဝင်တာကြောင့် မွန်းလွဲ ၂ နာရီနောက်ပိုင်း သောက်မယ်ဆိုရင်တော့ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်မရအောင် နှောင့်ယှက်နေပါလိမ့်မယ်။ မနက်ပိုင်းမှာ ကော်ဖီ ၂ ခွက်၊ ၃ ခွက် သောက်လည်း ရတယ်ဆိုပေမယ့် မွန်လွဲ ၂ နာရီ၊ ၃ နာရီနောက်ပိုင်းမှာ မသောက်တာ အကောင်းဆုံးပါပဲ။

ကော်ဖီထဲသို့ သစ်ကြမ်းပိုးခေါက် (သို့မဟုတ်) ကိုးကိုးမှုန့် ထည့်သောက်ပေးပါ

ကိုးကိုးမှုန့်နဲ့ သစ်ကြမ်းပိုးခေါက်ထဲမှာ Antioxidants များပါဝင်တာကြောင့် ထိုအမှုန့်များကို ကော်ဖီထဲ ထည့်သောက်ပေးမယ်ဆိုရင်တော့ ကော်ဖီထဲမှာပါဝင်တဲ့ သကြားပမာဏကို လျော့ချပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

မနက်စာကို ကော်ဖီချည်းပဲ မသောက်ပါနဲ့

မနက်စာ စားတဲ့အခါ ကော်ဖီကို အစားအစာတစ်ခုခုနဲ့ တွဲစားပေးရပါမယ်။ ကော်ဖီချည်းပဲ သောက်မယ်ဆိုရင်တော့ ရင်ပူခြင်း၊ ရင်တုန်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပါတယ်။

သန့်စင်ပြီးသား ရေကိုသာ အသုံးပြုပါ

ကော်ဖီဖျော်တဲ့အခါ အမှုန်အမှိုက်များ စစ်ထားပြီးသားရေကိုသာ အသုံးပြုရပါမယ်။ ဒါမှ ကျန်းမာရေးနဲ့ ညီညွှတ်မှာပါ။

ကော်ဖီထဲ နွားနို့ထည့်သောက်တဲ့အခါ

သင်က တစ်နေ့ကို ကော်ဖီ နှစ်ခွက်၊ သုံးခွက်လောက် သောက်သုံးတတ်တဲ့ ကော်ဖီချစ်သူတစ်ယောက်လား။ ကော်ဖီထဲ နွားနို့ထည့်သောက်လေ့ရှိပါသလား။ ဒါဆိုရင်တော့ နွားနို့အစား အယ်လ်မွန်နို့ကို တစ်ရက်ခြားတစ်ခါ ပြောင်းလဲ ထည့်သုံးဖျော်သောက်ပေးလိုက်ပါ။ နွားနို့ နေ့တိုင်းထည့်သောက်ခြင်းက အစာအိမ်ကို မအီမသာဖြစ်စေပြီး ဝိတ်တက်လာပါလိမ့်မယ်။

သဘာဝကော်ဖီစစ်စစ်ကိုသာ အသုံးပြုပါ

ဓာတုဆေးဝါးများနဲ့ ဖော်စပ်ပြုလုပ်ထားတဲ့ ကော်ဖီမှုန့်များထက်စာရင် စိုက်ခင်းထဲက လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားပြီး ကိုယ်တိုင် ကြိတ်ထားတဲ့ ကော်ဖီမှုန့်များက အရသာပိုမိုကောင်းမွန်ပြီး ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်ပါတယ်။

Source: Brightside.me