ဘယ်လောက်ပဲ ဟင်းချက် ကျွမ်းကျင်တဲ့သူဖြစ်ပါစေ တခါတလေတော့ အမှားတွေ လုပ်မိတတ်ကြပါတယ်။ တခါတလေ သတိမမူမိလို့ လုပ်ဖြစ်တဲ့ အမှားတွေရှိသလို မသိလို့မှားတာတွေလည်းရှိကြပါတယ်။

ဒါ့ကြောင့် ဟင်းလျာ ချက်ပြုတ်ရာမှာ ပြုလုပ်လေ့ရှိတဲ့ အမှားများကို ဝေမျှချင်ပါတယ်။

ဒယ်အိုးထဲမှာ စုပုံနေခြင်း

ဒယ်အိုးထဲမှာ အသားတွေ၊ အရွက်တွေ စုပုံနေရင် အရသာကောင်းတဲ့ ဟင်းလျာဖြစ်ဖို့ ခက်ခဲပါတယ်။

ဒယ်အိုးထဲမှာ နေရာအလွတ်တချို့ ချန်ထားပေးရမှာပါ။ ဒယ်အိုးထဲမှာ စုပုံနေရင် ဒယ်အိုးအပူချိန် မညီတာတို့၊ ဟင်းအကျက်မတူတာတို့ ဖြစ်တတ်ပါတယ်။

သံလွင်ဆီကိုဘဲ သုံးပြီး ဟင်းလျာမျိုးစုံချက်ခြင်း

သံလွင်ဆီက အပူချိန်နဲ့ မီးခိုးထွက်တာနည်းတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် မီးပြင်းပြင်းနဲ့ ချက်ရမယ့် ဟင်းလျာမျိုးတွေမှာ အဆင်မပြေပါဘူး။ အသားကင် (Steak) ချက်တာတို့၊ မီးပြင်းပြင်းနဲ့ မြန်မြန် ကြော်ရမယ့် ဟင်းလျာတွကို သံလွင်ဆီနဲ့မချက်ဖို့ အကြံပြုချင်ပါတယ်။

အမှုန့်ပါဝင်ပစ္စည်းတွေကို အရည်တိုင်းတာတဲ့ခွက်တဲ့ တိုင်းမိခြင်း

ရေရဲ့ ဒြပ် နဲ့ အမှုန့် တို့လို ခြောက်သွေ့တဲ့ ဒြပ်တွေရဲ့ ဝင်ဆံ့နိုင်တဲ့ ဂုဏ်သတ္တိတွေက မတူပါဘူး။

ဥပမာ အောင်စ ပမာဏကို တိုင်းတာခြင်းတူပေမယ့် အရည်ကို တိုင်းတဲ့ခွက်တဲ့ အမှုန့်ကိုတိုင်းမိရင်တော့ မှန်ကန်တော့ အတိုင်းအတာ ရမှာမဟုတ်ပါဘူး။

ဒယ်အိုးအပူပေါ်ကို အေးခဲနေတဲ့ အသားထည့်မိခြင်း

အေးခဲနေတဲ့ အသားကို ချက်ချင်း ဒယ်အိုးထဲထည့်လိုက်ရင် အပြင်က တူးပြီး အထဲက မကျက်တာမျိုးဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် အေးခဲနေတဲ့ အသားကို အခန်းအပူချိန်မှာ အရည်ပျော်စေခြင်း သို့မဟုတ် Microwave ထည့်ထဲပြီး အရည်ပျော်အောင် လုပ်ပြီးမှ ချက်သင့်ပါတယ်။

ပူနေတဲ့ အစားအစာကို ရေခဲသေတ္တာထဲထည့်ခြင်း

အသားကင်၊ ဟင်းချို စတဲ့ ပူနေတဲ့ အစားအစာကို အနည်းငယ် အအေးခံပြီးမှ ရေခဲသေတ္တာထဲကို ထည့်ပါ။ မဟုတ်ရင် ဟင်းလျာရဲ့ အရသာကိုပါ ထိခိုက်နိုင်ပါတယ်။

တချိန်လုံး ယောင်းမကို မွှေနေခြင်း

ဟင်းချက် ယောင်းမကို သုံးသင့်တဲ့အချိန် ရှိသလို မသုံးသင့်တဲ့အချိန်လည်း ရှိပါတယ်။ ဥပမာ ကြက်ဥ Omelet ကြော်ချိန်မှာ ယောင်းမနဲ့မွှေလိုက်ရင် ပုံပျက်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအချိန်မှာ ယောင်းမကို သုံးရမလဲဆိုတာ ခွဲခွဲခြားခြားသိဖို့ လိုအပ်ပါတယ်။

ရေစိုနေတဲ့ ဟင်းသီးဟင်းရွက်တွေကို ကြော်မိခြင်း

အများအားဖြင့် ဟင်းသီးဟင်းရွက်တွေကို ဆေးကြောပြီး ဆီပူထဲချက်ခြင်း ထည့်ကြော်မိတတ်ပါတယ်။

ဒီလို ကြော်ရင်တော့ ဆီပူပေါက်ပြီး အနာတရဖြစ်ဖို့များပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ရေဆေးပြီးရင် ဇကာလေးနဲ့စစ်ပြီးမှ ကြော်ပါ။