[Unicode]

အာလူးမှာ အာဟာရ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ သူ့မှာ ကစီဓာတ် နဲ့ ပရိုတင်းဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ အယ်ကာလိုင်း ဆား၊ Soda၊ ပိုတက်ရှ် (Potash)၊ Vitamin A,B, C ၊ အမျှင် ဓာတ်၊ သတ္တုဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်နဲ့ တခြား ဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

PART1

နှလုံးရောဂါနဲ့ လေဖြတ်တာတို့ကို ကာကွယ်ပေး

အာလူးက အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရော နဲ့ အဆီဓာတ်တွေ သွေးကြောထဲမှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးပါတယ်။ နှလုံး လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ဓာတ်တွေ ထုတ်လုပ်မှုကိုလည်း လျော့ချပေးပါတယ်။

ဒါကြောင့် အာလူးကို စားသုံးရင် နှလုံးရောဂါနဲ့ လေဖြတ်တာတို့ကို ကာကွယ်ပေးပြီး အသက်ရှည်ကျန်းမာစေမှာဖြစ်ပါတယ်။

content-image.ashx

သွေးပေါင်ချိန်ကို ထိန်းညှိပေး

ကိုယ့်မှာ သွေးပေါင်ချိန် အတက်အကျနဲ့ ပတ်သက်ပြီး ပြဿနာရှိရင် အာလူးက သင့်အတွက် အကောင်းဆုံး အဖော်မွန်ပါဘဲ။ အာလူးမှာ Kukoamines လို့ခေါ်တဲ့ ကွန်ပေါင်းပါဝင်ပြီး သူတို့က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

c2ef81858eb355cc818e15dac43e6a28--health-remedies-herbal-remedies

ကြွက်သား ယောင်ယမ်းတာကို သက်သာစေ

အဆစ်အမြစ်တွေ၊ ကြွက်သားတွေ နာကျင် ယောင်ယမ်းနေပါက အာလူးက ကူညီပေးနိုင်ပါလိမ့်မယ်။ အာလူးရဲ့ အရည်တွေကို ညှစ်ထုတ်လိုက်ပြီး ကျန်ခဲ့တဲ့ အခွန်တွေကို ပြုတ်လိုက်ပါ။ အခွံတွေပျစ်ပျစ်ရတဲ့အထိ ပြုတ်လိုက်ပြီး Glycerine ရှိရင် အနည်းငယ်ထည့်ပေးပါ။ ပြီးရင် ယောင်ယမ်းနေတဲ့နေရာကို ၃၊၄ နာရီ ကြားတစ်ခါလောက် လိမ်းပေးပါ။

maxresdefault

အရေပြားကို သန့်စင်ပေးနိုင်

အာလူးရဲ့ အရည်မှာ ပိုတက်ဆီယမ်၊ Phosphorous၊ ဆာလဖာ၊ ကလိုရင်း နဲ့ တခြား ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ အာလူး အစိမ်းတစ်ခုကို ယူပြီး ပါးပါးလှီးလိုက်ပါ။ ကိုယ့်ရဲ့ အရေပြားမှာ မိနစ်အနည်းငယ်လောက် ကပ်ပေးပါ။ ပြီးနောက် ရေနွေးပူပူလေးနဲ့ ရေဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် အရေးအကြောင်းတွေ၊ အမည်းစက်တွေနဲ့ အစက်အပြောက်တွေကို ပျောက်စေပါတယ်။

[Zawgyi]

အာလူးမွာ အာဟာရ ဓာတ္ေတြ အမ်ားႀကီးပါ၀င္ပါတယ္။ သူ႔မွာ ကစီဓာတ္ နဲ႔ ပရိုတင္းဓာတ္ေတြလည္း ၾကြယ္၀စြာပါ၀င္ေနပါတယ္။ အယ္ကာလိုင္း ဆား၊ Soda၊ ပိုတက္ရွ္ (Potash)၊ Vitamin A,B, C ၊ အမွ်င္ ဓာတ္၊ သတၱဳဓာတ္၊ ကာဗြန္ဟိုက္ဒရိတ္နဲ႔ တျခား ဓာတ္ေတြ အမ်ားႀကီးပါ၀င္ေနပါတယ္။

PART1

ႏွလံုးေရာဂါနဲ႔ ေလျဖတ္တာတို႔ကို ကာကြယ္ေပး

အာလူးက အမွ်င္ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ကိုလက္စထေရာ နဲ႔ အဆီဓာတ္ေတြ ေသြးေၾကာထဲမွာ ပိတ္ဆို႔ေနတာေတြကို ဖယ္ရွားေပးပါတယ္။ ႏွလံုး လုပ္ေဆာင္မႈကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ ဓာတ္ေတြ ထုတ္လုပ္မႈကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

ဒါေၾကာင့္ အာလူးကုိ စားသံုးရင္ ႏွလံုးေရာဂါနဲ႔ ေလျဖတ္တာတို႔ကို ကာကြယ္ေပးၿပီး အသက္ရွည္က်န္းမာေစမွာျဖစ္ပါတယ္။

content-image.ashx

ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပး

ကိုယ့္မွာ ေသြးေပါင္ခ်ိန္ အတက္အက်နဲ႔ ပတ္သက္ၿပီး ျပႆနာရွိရင္ အာလူးက သင့္အတြက္ အေကာင္းဆံုး အေဖာ္မြန္ပါဘဲ။ အာလူးမွာ Kukoamines လို႔ေခၚတဲ့ ကြန္ေပါင္းပါ၀င္ၿပီး သူတို႔က ေသြးဖိအားကို ပံုမွန္ျဖစ္ေအာင္ ထိန္းညွိေပးပါတယ္။

c2ef81858eb355cc818e15dac43e6a28--health-remedies-herbal-remedies

ၾကြက္သား ေယာင္ယမ္းတာကို သက္သာေစ

အဆစ္အျမစ္ေတြ၊ ၾကြက္သားေတြ နာက်င္ ေယာင္ယမ္းေနပါက အာလူးက ကူညီေပးႏိုင္ပါလိမ့္မယ္။ အာလူးရဲ႕ အရည္ေတြကို ညွစ္ထုတ္လုိက္ၿပီး က်န္ခဲ့တဲ့ အခြန္ေတြကို ျပဳတ္လိုက္ပါ။ အခြံေတြပ်စ္ပ်စ္ရတဲ့အထိ ျပဳတ္လိုက္ၿပီး Glycerine ရွိရင္ အနည္းငယ္ထည့္ေပးပါ။ ၿပီးရင္ ေယာင္ယမ္းေနတဲ့ေနရာကို ၃၊၄ နာရီ ၾကားတစ္ခါေလာက္ လိမ္းေပးပါ။

maxresdefault

အေရျပားကို သန္႔စင္ေပးႏိုင္

အာလူးရဲ႕ အရည္မွာ ပိုတက္ဆီယမ္၊ Phosphorous၊ ဆာလဖာ၊ ကလိုရင္း နဲ႔ တျခား ဓာတ္ေတြ အမ်ားႀကီး ပါ၀င္ပါတယ္။ အာလူး အစိမ္းတစ္ခုကို ယူၿပီး ပါးပါးလွီးလိုက္ပါ။ ကိုယ့္ရဲ႕ အေရျပားမွာ မိနစ္အနည္းငယ္ေလာက္ ကပ္ေပးပါ။ ၿပီးေနာက္ ေရေႏြးပူပူေလးနဲ႔ ေရေဆးခ်လိုက္ပါ။ ပံုမွန္လုပ္ေပးရင္ အေရးအေၾကာင္းေတြ၊ အမည္းစက္ေတြနဲ႔ အစက္အေျပာက္ေတြကို ေပ်ာက္ေစပါတယ္။