ပူပြင်းတဲ့နွေရာသီမှာ ရေဓာတ်ရှိနေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုရှာနေရင် Cucumber lemonade cooler လေး သောက်ကြည့်ပါ။ အပူသက်သာပြီး စိတ်ကိုလည်း တကယ်လန်းဆန်းစေမှာပါ။

ပါဝင်ပစ္စည်းများ

  • အခွံခွာထားတဲ့ သခွားသီးကြီး ၁ လုံး
  • သံပုရာသီး ၂ လုံး
  • ပျားရည် 1 ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

Blender ထဲမှာ သခွားသီးအတုံး၊ သံပုရာရည်၊ ပျားရည်နဲ့ ရေခဲတုံးများထည့်ပြီး‌ အားလုံးသမသွားတဲ့အထိ မွှေပေးပါ။

ဖန်ခွက်တစ်ခုထဲကို လောင်းထည့်ပြီး သံပုရာသီးတစ်ခြမ်း ဒါမှမဟုတ် လတ်ဆတ်တဲ့ Mint လေးတစ်ရွက်နဲ့ အလှဆင်လိုက်ပါ။