စိတ်ကျရောဂါဖြစ်ပွားသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေပိုများတယ်လို့ မကြာသေးမီက သုတေသီတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတော့ စိတ်ကျရောဂါကို ကာကွယ်ကုသဖို့ အရေးကြီးပါတယ်။

bigstock-Problems-20872742

နနွင်းကတော့ မြန်မာတို့ရဲ့ မီးဖိုချောင်းတိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။

အထူးသဖြင့် ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ တကယ်ကိုအသုံးဝင်တာမို့လည်း အသုံးပြုကြပါတယ်။

နနွင်းမှာ Antioxidant အမျိုးပေါင်း ၃၀၀ ပါဝင်ပါတယ်။ နနွင်းဖျော်ရည်ကိုသောက်ပေးတာဟာ စိတ်ကျရောဂါကိုကုသပေးနိုင်သလို လစဉ်အမျိုးသမီးရောဂါကြောင့် နာကျင်မှုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် အဆစ်အမြစ်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ထိခိုက်ရှနာတာမျိုးကိုလည်း နနွင်းအုံပေးလိုက်တာဟာ သက်သာစေပါတယ်။

နနွင်းကို ကင်ဆာရောဂါကာကွယ်ဖို့အတွက် ပညာရှင်များက ထောက်ခံကြပါတယ်။ အထူးသဖြင့် သားဥအိမ်၊ အူမကြီး၊ ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့အတွက် များစွာအကျိုးရှိပါတယ်။

နနွင်းဖျော်ရည်ပြုလုပ်နည်း

ပါဝင်ပစ္စည်း

turmeric-625_625x350_71429878894

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

lemons

သံပယိုသီး ၂ လုံး

Ginger9

ဂျင်း ၁ စိတ် (၅စီတီမီတာလောက်)

cucumber

သခွားသီး ၁ လုံး

Carrot1

မုန်လာဥနီ ၅ ဥ

oranges

လိမ္မော်သီး ၁ လုံး

ပြုလုပ်နည်း

လိမ္မော်သီး၊ သံပုယိုသီး၊ ဂျင်းနဲ့ မုန်လာဥနီတို့ကို အခွံနွှာပါ။ ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ပြီးရင်ရေခဲထည့်ပြီး သောက်သုံးနိုင်ပါတယ်။ နေ့ညအချိန်မရွေးမိမိကြိုက်နှစ်သက်ချိန်မှာ သောက်သုံးနိုင်ပါတယ်။