ဆီးချိုဆိုတာ မြန်မာနိုင်ငံမှာ အဓိကအဖြစ်များကြတဲ့ ရောဂါတစ်ခုဖြစ်သလို ကမ္ဘာမှာလည်း အဓိကအဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဆီးချိုရောဂါ ၃ မျိုးရှိပါတယ်။
၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်ရွယ်တဲ့သူတွေမှာ ဖြစ်ပါတယ်။
၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။
၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ပါတယ်။
နံပါတ် ၃ အမျိုးအစားကတော့ ကလေးမွေးပြီးရင် ပျောက်သွားတတ်ပေမဲ့ နံပါတ် ၁ နဲ့ ၂ ကတော့ မပျောက်ပါဘူး။ ဒါပေမဲ့ ဆီးချိုပမာဏကို ထိန်းပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်ပါတယ်။
ပါဝင်ပစ္စည်း
ငှက်ပျောသီး ၅ လုံး
ကီဝီသီး ၂ လုံး
ပန်းသီး ၂ လုံး
Kale (ကေးလ်) အရွက် (ကိုက်လန်လို (သို့) ဆလတ်ရွက်လို မုန်ညှင်းအနွယ်ဝင်အရွက်တစ်မျိုး) လက်တစ်ဆုပ်စာ။
ပြင်ဆင်ခြင်း
ငှက်ပျေသီးကို အခွံနွှာပြီး အတုံးလိုက်လှီးလိုက်ပါ။ ကီဝီသီး ၊ ပန်းသီး ကိုလည်း အလားတူလုပ်ပေးပါ. ကေးလ်ရွက်ကို သေချာရေဆေးပါ။ ၀ါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး ရေ ၁/၂ လီတာထည့်ပါ။
ပြီးရင်ဖျော်စက် (သို့) မွှေစက်ထဲထည့်ပြီးဖျော်လိုက်ပါ။
အဲဒီဖျော်ရည်ကို မနက်ခင်းမှာ သောက်ပေးပါ။
နောာက်တစ်နည်းကတော့ ဗီတာမင် B 12 ကြွယ်ဝတ့ အသီးအနှံ ဟင်းသီးဟင်းရွက်နဲ့ တူနာငါးတွေကို စားပေးပါ။
ဆီးချိုသွေးချိုပမာဏကို ကျစေပြီး ကိုယ်အလေးချိန်လည်း ကျစေမှာဖြစ်ပါတယ်။