ကြက်ဥကို ပြုတ်တာ၊ ကြော်တာ စတဲ့ ဟင်းချက်တာတွေအပြင် တခြား အသုံးဝင်မယ့် နည်းလမ်းများကို ဝေမျှချင်ပါတယ်။

ကြက်ဥကို ကောင်းမကောင်းကို ရေထည့်ထားတဲ့ ခွက်ထဲထည့်ပြီး ဆုံးဖြတ်လို့ရ

ခွက်တစ်ခွက်ထဲကို ရေထည့်လိုက်ပါ။ ပြီးရင် ကြက်ဥထည့်လိုက်ပါ။

ကြက်ဥက ရေပေါ်ပေါ်နေရင် မသုံးပါနဲ့တော့။ ရေအောက်မြှပ်နေရင် သုံးလို့ရပါသေးတယ်။

ကြက်ဥအခွံနဲ့ ကြက်ဥ အကာတွေကို ဖယ်ရှားလို့ရ

Photo Credit: food-hacks.wonderhowto.com

ကြက်ဥခွဲလိုက်လို့ ကြက်ဥအခွံက ပန်းကန်ထဲကျသွားရင် ဖယ်ရခက်ပါတယ်။ ဒါပေမယ့် ကြက်ဥအခွံနဲ့ဘဲ ကျသွားတဲ့ ကြက်ဥကို ပြန်ခပ်လိုက်ရင် အလွယ်တကူ ဖယ်ရှားလို့ရပါတယ်။

ကြက်ဥအခွံက မြေသြစာလုပ်လို့ရ

Photo Credit: food-hacks.wonderhowto.com

ကိုယ့်အိမ်မှာ သဘာဝနည်းအတိုင်း စိုက်ပျိုးထားတဲ့အပင်တွေရှိနေရင် ကြက်ဥအခွံကို ထည့်ပေးလို့ရပါတယ်။ ဒါက သဘာဝ အားဆေးတစ်မျိုးပါ။

ကြက်ဥအနှစ်ချည်းဘဲ ဘယ်လို ယူမလဲ

Photo Credit: food-hacks.wonderhowto.com

ကြက်ဥ အနှစ်ချည်းဘဲလိုချင်ရင် ရေသန့်ဗူးအလွတ်တစ်လုံးကို ယူပါ။ ပြီးရင် ရေသန့်ဗူးအလွတ်တစ်လုံးနဲ့ ကြက်ဥအနှစ်ကို ချိန်ပြီး ဗူးနဲ့ စုပ်ယူလိုက်ရင် အလွယ်တကူ ပါလာပါလိမ့်မယ်။

ကြက်ဥတွေအများကြီး ပိုနေရင်

တခါတလေ ကြက်ဥကတ်ထဲမှာ ကြက်ဥတွေအများကြီးရှိနေပြီး အချိန်လည်း ကြာပြီဖြစ်လို့ပိုနေရင် ကြက်ဥကိုခွဲပြီး ရေခဲတုံးခဲတဲ့ကတ်တွေထဲ ထည့်ထားလိုက်ပါ။ ပြီးရင် ခဲထားပါ။ ဒါဆိုရင် စားချင်တဲ့အချိန်မှာ ပြန်ပျော်အောင် လုပ်ပြီး ချက်စားလို့ရပါတယ်။

ကြက်ဥကို လှလှပပ အပိုင်းလေးတွေ ပိုင်းဖို့ အပ်ချည်သုံးပါ

Photo Credit: food-hacks.wonderhowto.com

ကြက်ဥကို တစ်ဝက် တိတိကျကျ လှလှပပ လှီးဖို့ အပ်ချည်သုံးလို့ရပါတယ်။