အသည်းဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသည်းကျန်းမာရေးအတွက် နေ့စဉ် တရုတ်နံနံပင်နဲ့ ပူစီနံရွက်လက်ဖက်ရည်ကို ပြုလုပ်ပြီး သောက်သုံးလို့ရပါတယ်။

အသည်းဟာ ကျွန်မတို့ စားသုံးနေတဲ့ အာဟာရဓာတ်မပြည့်ဝတဲ့ အစားအစာတွေ၊ စိတ်ဖိစီးမှုတွေ၊ ဆေးဝါးတွေနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေကြောင့် အသည်းထိခိုက်လာရတာပါ။ ဒါ့ကြောင့် အသည်း ကျန်းမာစေဖို့အတွက် အသည်းကို ပြန်ပြီးနုပျိုစေဖို့ သန့်စင်ပေးဖို့လိုအပ်ပါတယ်။

အသည်းအဆီဖုံးခြင်း ကင်းဝေးပြီး အသည်းကျန်းမာနေစေဖို့ တရုတ်နံနံပင်နဲ့ ပူစီနံရွက်လက်ဖက်ရည်ကို နေ့စဉ်သောက်သုံးပေးပါ။

ပါဝင်ပစ္စည်း

1-tea-for-liver

တရုတ်နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပူစီနံရွက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ရေ ၁ ခွက်

ပြုလုပ်နည်း

4-mint-tea

အော်ဂဲလ်နစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ အရွက်တွေကို အသုံးပြုပေးပါ။ အရွက်ကို ရေသေချာဆေးပြီး တောက်တောက်စဉ်းပေးလိုက်ပါ။ အဲဒါကိုမှ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာစီ အသုံးပြုပေးရမှာပါ။ အိုးတစ်လုံးထဲကို ရေထည့်လိုက်ပြီး ပွက်ပွက်ဆူအောင် သည်လိုက်ပါ။ ပြီးရင် ပူစီနံနဲ့ နံနံပင်ကို ထည့်လိုက်ပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထားပြီး အအေးခံလိုက်ပါ။ ရေခမ်းသွားရင် ရေထပ်ထည့်လိုက်ပါနော်။ ၁ ခွက်စာကျန်အောင်ကျိုပေးရမှာပါ။ ပြီးရင် ရေကို သေချာမွှေပေးလိုက်ပြီး ခွက်တစ်လုံးထဲထည့်လိုက်ကာ သံပုယိုရည်ထည့်ပေးလိုက်ပါ။

အစာစားပြီးတဲ့အခါ သောက်ပေးနိုင်ပါတယ်။

2-parsley-and-mint-tea

တရုတ်နံနံပင်ရဲ့ အကျိုးကျေးဇူး

တရုတ်နံနံပင်ဟာ အသည်းအတွက်များစွာ အကျိုးကျေးဇူးရှိပါတယ်။

တရုတ်နံနံပင်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး အောက်ဆီဂျင်တွေကို သယ်ယူပို့ဆောင်ပေးပါတယ်။ ဗီတာမင် C, A ပါဝင်လို့ သင့်အသည်းရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်မးွန်စေပါတယ်။

အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ခန္ဓာကိုယ်အတွင်းက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။ Beta-Carotene ပါဝင်လို့လည်း ခန္ဓာကိုယ်အတွင်းကအဆီတွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

ပူစီနံရွက်ရဲ့ အကျိုးကျေးဇူးများ

အသည်းအဆီဖုံးခြင်းကင်းဝေးပြီး အသည်းကို သန့်စင်ပေးနိုင်တဲ့ ပူစီနံနဲ့ နံနံရွက်ကို ကျိုပြီးသောက်မယ်

ပူစီနံရွက်ဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့ဂုဏ်သတ္တတွေပါဝင်တဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်ပါတယ်။ ပူစီနံရွက်ကို ရေနွေးနဲ့ ကျိုပြီး နေ့တိုင်းလိုလိုသောက်ပေးရင် အသည်းရဲ့လုပ်ဆောင်မှုကိုကောင်းမွန်စေပါတယ်။