Wowww!! သင်ဟာ တကယ်ဇွဲကောင်းတဲ့ လူတစ်ယောက်ဆိုတာ မငြင်းနိုင်တော့ပါဘူး။ Diet Plan နောက်ဆုံးနေ့အထိ အောင်မြင်အောင် လာခဲ့တဲ့
အတွက်လည်း ဂုဏ်ယူပါတယ်။ ဒီ Diet Plan ဟာ ကိုယ်အလေးချိန် လျှော့ချဖို့ သပ်သပ်မဟုတ်ဘဲ အသားအရေနဲ့ အစာချေစနစ်တွေကိုပါ ပြောင်းလဲ
ပေးနိုင်တဲ့ အတွက် အကျိုးမယုတ်စေပါဘူး။ ဒီ အစီအစဉ် ပြီးသွားတဲ့ အခါမှာ သင်ဟာ အစာကို အများကြီး စားနိုင်မှာ မဟုတ်တော့သလို ဆီပါတာတွေနဲ့
အရမ်းချိုတာတွေကိုလည်း စားနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ်အလေးချိန်ကို ဆက်ပြီး ထိန်းသွားချင်ရင်တော့ ဒီအတိုင်း ဆက်ထားပြီး အစားကိုလည်း
တခါတည်း ပြည့်အင့်အောင် မစားဘဲ ခဏတိုင်း ခဏတိုင်း နည်းနည်းစီ စားပေးပါ။ ရေများများ ဆက်သောက်ပါ။ Weight Loss Drinkကို မနက်တိုင်း ဆက်သောက်ပါလို့ တိုက်တွန်းပါရစေ။

day7_juice
နောက်ဆုံးရက်မှာ စားရမယ့် Menu လေးကတော့

မနက်စာ – လတ်ဆတ်တဲ့ လိမ္မောသီး (သို့) ဂရိတ်ဖရုသီး ကို ဖျော်ရည်လုပ်သောက်ပါ။ ပန်းသီးတစ်လုံး ဂရိတ်ဖရုသီး တစ်လုံး စားပါ။

နေ့လည်စာ – ထမင်း တစ်ပန်းကန်လုံး စားပါ။ အသီးအရွက်စားပါ။ Salad လိုမျိုး လုပ်စားလည်းရပါတယ်။

ညစာ – Diet Soup (လေးရက်မြောက်နေ့မှာ စားခဲ့တဲ့ စွပ်ပြုတ်ပါ) နဲ့ အသီးအရွက် Salad

day7_fruit

နောက်ဆုံးနေ့မှာ အသီးဖျော်ရည်ပါ သောက်ရတဲ့ အတွက် ပိုပြီး ပျော်ရွှင်စရာ ကောင်းလှပါတယ်။ အချိုမထည့်ဘဲ သောက်ပေးရင်တော့ အကောင်းဆုံးပါပဲ။
ကိုယ်အလေးချိန်ကို ဆက်ပြီး ထိန်းချင်တယ်ဆိုရင်တော့ ဖျော်ရည်သောက်မယ်ဆို လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးပဲ သောက်ပေးပါ။ တစ်ခု သတိထားရမှာက
အစားအစာတွေ မစားခင် ၁နာရီအလိုမှာ သောက်ပေးပါ။ အစားအစာ စားနေချိန်နဲ့ စားပြီး ချိန်တွေမှာ သောက်ရင် ကျန်းမာရေးအတွက် မကောင်းသလို
ကိုယ်အလေးချိန်ကိုလည်း တက်စေနိုင်ပါတယ်။

ဆက်ပြီး ၀ိတ်ထိန်းမယ့်ဆိုရင်တော့

– ဖရဲသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ လိမ္မော်သီး၊ ဆီးသီးနဲ့ ငှက်ပျောသီးတွေကို စားပေးပါ။ ဗိုက်ဆာတဲ့ အချိန်မှာ အပြင်စာတွေ စားတာထက် ဒီအသီးတွေကို
စားပေးခြင်းဟာ ပိုပြီး ကောင်းမွန်စေပါတယ်။
– ကြက်သွန်နီ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် အရွက်များတွေကို များများ စားပေးပါ။
– ဆီကို တတ်နိုင်သမျှ ရှောင်ပါ၊ အချိုမှုန့် ရှောင်ပါ၊ အငံရှောင်ပါ။
– ရေများများ သောက်ပေးပါ။
– မနက်တိုင်း Weight Loss Drink လေးကို ဆက်သောက်ပေးနေပါ။

Diet Plan ကို အစကနေ ပြန်လုပ်ချင်တယ်ဆိုရင်တော့ ၃-၄ ရက်နားပြီးမှ လုပ်ပါ။

အားလုံးပဲ ကျန်းမာပြီး လှပကြပါစေ။
Review – https://myfoodmyanmar.com/diet-plan-review/
ပထမနေ့ – https://myfoodmyanmar.com/diet-plan-1st-day/
ဒုတိယနေ့ – https://myfoodmyanmar.com/diet-plan-2nd-day/
တတိယနေ့ – https://myfoodmyanmar.com/diet-plan-3rd-day/
စတုတ္ထနေ့ – https://myfoodmyanmar.com/diet-plan-4th-day/
ပဉ္စမနေ့ –
ဆဌမနေ့ –