မြန်မာနိုင်ငံမှာတော့ အဆန်အဖြူကို အဓိက စားသုံးကြပါတယ်။ ဒါပေမယ့် အရသာ ကောင်းရုံဘဲ မစဉ်းစားဘဲနဲ့ ကျန်းမာရေးအတွက် ဆန်အညိုကို စဉ်းစားကြည့်ရအောင်။

3

ကွာခြားချက်

ဆန်အဖြူကလည်း သူ့ကို ဆန်အဖြူဖြစ်အောင် မလုပ်ခင်အဆင့်တွေမှာဆိုရင် ဆန်အညိုလိုဘဲ အဟာရ အများကြီးပါဝင်ပါတယ်။

ဒါပေမယ့် ဆန်အဖြူဖြစ်အောင် လုပ်တဲ့ အဆင့်တွေကြောင့် သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်တွေ၊ ပရိုတင်းဓာတ်တွေ၊ thiamine ဓာတ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေ ဆုံးရှုံးသွားတာပါ။

ဆန်စေ့မှာရှိတဲ့ အပေါ်ပိုင်းအခွံတွေကို ပါးအောင်လုပ်လိုက်ပြီး အဖြူဖြစ်သွားအောင် လုပ်တာကြောင့် အခုလို ဓာတ်တွေ ဆုံးရှုံးသွားတာပါ။ ဒါမှလည်း ချက်ပြုတ်ရမြန်ဆန်ပြီး အရသာလည်း ပိုရှိတဲ့ဆန်မျိုးဖြစ်သွားပါတယ်။

အစာချေစနစ်အတွက် အဓိက အရေးကြီးတဲ့ အမျှင်ဓာတ်တွေ ဆုံးရှုံးကုန်ပါတယ်။

1

ဆန်အညှိက အဖြူထက် Selenium ဓာတ်တွေ ပိုများများပါဝင်

Selenium ဓာတ်တွေက ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပြီး ဖျားနာခြင်းကို ကာကွယ်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။

Manganese ဓာတ်ပိုများ

ဆန်အညိုတစ်ခွက်မှာ Manganese ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အဲ့ဒီဓာတ်တွေဟာ ကျွန်မတို့ရဲ့ အာရုံကြောစနစ်နဲ့ မျိုးပွားစနစ်တွေကို အထောက်အကူပြုပါတယ်။

ကိုယ်အလေးချိန် လျော့ချစေ

ဆန်အညိုမှာက အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အစောခြေစနစ်ကို အားကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေကာ ကိုယ်အလေးချိန်လည်း လျော့ချပေးပါတယ်။ အညိုရောင်ဆန်ကို စားခြင်းက အဖြူရောင်ဆန်ကို စားတာထက်ပိုပြီး ဗိုက်ပြည့်လွယ်တာကြောင့် ထမင်းတွေလည်း အများကြီးမစားဖြစ်တော့ပါဘူး။

2

Antioxidants

ဆန်အညိုမှာ ဆန်အဖြူထက် Antioxidants တွေ အများကြီးပါဝင်ပါတယ်။ Green tea တို့ ဘယ်ရီ အမျိုးအစားအသီးတွေထဲမှာပါဝင်သလိုဘဲ Antioxidants တွေ အများကြီးပါဝင်ပါတယ်။ Antioxidants က ဆဲလ်တွေ ပျက်စီးမှုကိုကာကွယ်ပေးကာ ဆဲလ်အသစ် ဖြစ်မှုကိုလည်း ပံ့ပိုးပေးတာကြောင့် အရွယ်တင်နုပျိုစေပါတယ်။