စာဖတ်သူများအားလုံးပဲ မင်္ဂလာပါ။ ယခုတခါဖော်ပြပေးမယ့် အသီးဖျော်ရည်တစ်ခွက်ကတော့ အာဟာရဓာတ်တွေစုပေါင်းပါဝင်ပြီး ဗိုက်ပြည့်နေစေမယ့် ဖိုက်ဘာတို့ပါဝင်လို့ Junk Food တွေမစားမိအောင် တားဆီးနိုင်မှာဖြစ်ပါတယ်။

ဖျော်ရည်မှာပါဝင်တဲ့ ဒေါက်ခွရွက်က အဆိပ်အတောက်ဖယ်ရှားပေးတဲ့ Antioxidants အရင်းအမြစ်တစ်ခုဖြစ်ပြီး သံဓာတ်၊ ပရိုတင်းနှင့်ဖိုက်ဘာတို့လည်း ကြွယ်ဝပါတယ်။ နာနတ်သီးလည်းပါဝင်လို့ ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးပြီး အဆီလျော့ကျမှုကိုတိုးတက်စေပါတယ်။

ပါဝင်ပစ္စည်းများ

  • အဆီပါဝင်မှုနည်းပါးသည့်ဒိန်ချဉ်
  • ဒေါက်ခွရွက် – လက်တစ်ဆုပ်စာ
  • ပန်းသီးစိမ်း – ၁ လုံး
  • သခွားသီး (အခွံခွာပြီး) – ၁ လုံး
  • နာနတ်သီး

  • နှမ်းကြတ်စေ့အထောင်း၊ နံနံပင် – အနည်းငယ်
  • ရေခဲတုံးများ
  • ဓားတစ်ချောင်း
  • တိုင်းတာသည့်ခွက်နှင့်ဇွန်းများ
  • ကြိတ်စက်

ပြင်ဆင်ပုံများ

၁။ ကြိတ်စက်ထဲသို့ ဒိန်ချဉ်တစ်ခွက်နှင့်တစ်ဝက်ကိုထည့်ပေးပါ။

၂။ လက်တစ်ဆုပ်စာ ဒေါက်ခွရွက်များကိုထည့်ပါ။

၃။ နာနတ်သီးစိတ်များ ခွက်တစ်ဝက်ခန့်ကိုလည်းရောထည့်ပါ။

၎။ ပန်းသီးစိမ်းအစိတ်များကိုလည်း အစေ့ထုတ်ပြီး ကြိတ်စက်ထဲရောပါ။

၅။ ပြီးလျှင် အစိတ်ကလေးများလှီးထားသည့် သခွားသီးများကိုလည်း ထည့်သွင်းပါ။

၆။ ထောင်းထားသည့် နှမ်းကြတ်စေ့များ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုပါ ရောပေးပါ။

၇။ နံနံပင်အနည်းငယ်ထည့်ပါ။

၈။ အကုန်လုံးကို ၁ မိနစ်ခန့် ကြိတ်ပါ။

၉။ ရေခဲတုံးများပေါင်းထည့်ပါ

၁၀။ နောက်ထပ်တစ်ကြိမ် ကြိတ်ပေးပါ။

ကျန်းမာရေးနဲ့ညီညွတ်စွာ ကိုယ်အလေးချိန်လျှော့ချနိုင်ရန်အတွက် တပတ်လျှင်နေ့စဉ် သို့မဟုတ် မကြာခဏသောက်သုံးပေးနိုင်ပါတယ်။

Credit: Top 10 Home Remedies