အခုစားပြီးလည်း ခဏနေဗိုက်ထပ်ဆာတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဗိုက်ဆာလိုက် စားလိုက်နဲ့ဆိုရင်တော့ ဝိတ်ကသေချာပေါက်ကို တက်လာမှာပါ။ ဒါကြောင့် ဗိုက်ခဏခဏဆာတတ်တဲ့သူတွေအတွက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အစာမစားခင်မှာ ပန်းသီးနဲ့ ထောပတ်သီးလို အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို ၁၀ မိနစ်လောက် ကြိုစားထားလိုက်ပါ။ အမျှင်ဓာတ်တွေက သွေးထဲမှာရှိတဲ့သကြားဓာတ်ကို မှန်စေတဲ့အတွက် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

Source: www.mavcure.com

ရေသောက်နည်းရင်လည်း ဆာလောင်မှုကို ဖြစ်ပေါ်စေပါတယ်။ ရေခဏခဏသောက်ပေးခြင်းက ဗိုက်ခဏခဏဆာတာမျိုးကို မဖြစ်စေပါဘူး။ ဘာကိုပဲစားစား အစာမစားခင်မှာ ရေတစ်ခွက်သောက်ကို အရင်သောက်ပြီးမှ စားပါ။ ရေတစ်ခွက်သောက်ပြီး ၁၀မိနစ်လောက် စောင့်ကြည့်လိုက်ရင် ဆာလောင်မှုတွေ လျော့ပါးသွားတာကို တွေ့ရပါလိမ့်မယ်။ အစာမစားခင်မှာ ရေနှစ်ခွက်သောက်ပေးမယ်ဆိုရင်တော့ စားတဲ့အစာရဲ့ ကယ်လိုရီတွေကို ၇၅ ကနေ ၉၀ အထိ လျော့ကျစေပါတယ်။

Source: www.healthline.com

ဘယ်အစားအစာပဲစားစား ဟင်းသီးဟင်းရွက်နဲ့တွဲစားပေးပါ။ ဟင်းသီးဟင်းရွက်မှာက ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ အပြည့်အဝပါဝင်လို့ တွဲစားပေးရင် ဗိုက်ခဏခဏ မဆာတော့ပါဘူး။

Source: www.piquenewsmagazine.com

အစားအသောက်အပြင် အိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရင် ကိုယ်တွင်းက Leptin ဟော်မုန်းလျော့ကျပြီး အစာစားချင်စိတ်ကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။

Source: www.huffingtonpost.com

ဗိုက်ခဏခဏ ဆာလာတဲ့အခါမှာ သွားတိုက်တာပဲဖြစ်ဖြစ်၊ ပီကေဝါးတာပဲဖြစ်ဖြစ်၊ ငုံဆေးငုံတာပဲဖြစ်ဖြစ်၊ သကြားလုံးစားတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ သွားတိုက်ပေးခြင်းကတော့ အစာစားချင်စိတ်ကို စက္ကန့်ပိုင်းအတွင်း လျော့ကျစေပါတယ်။ သွားတိုက်ဆေးက ဆာလောင်မှုတွေကို ချက်ချင်းပျောက်စေပါတယ်။ ဒါ့ကြောင့် ခဏခဏဗိုက်ဆာတတ်ရင်တော့ အိတ်ဆောင်သွားတိုက်တံလေးကို သွားလေရာအမြဲ ယူသွားပါ။

Source: www.videoblocks.com

ဒီအချက်တွေက ဗိုက်ခဏခဏဆာတတ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေပါပဲ။