သံပုယိုသီးနဲ့ သံပုရာသီး ဘာကွားလဲဆိုတာ သိပြီးကြပြီလား။ လူတွေအများအားဖြင့်တော့ ဒီအသီးနှစ်မျိုးလုံးက တူညီတယ်လို့ ထင်ကြပါတယ်။ သံပုယိုသီးရဲ့ ပုံစံကတော့ ဥပုံစံရှိပြီး သံပုရာသီးကတော့ ဝိုင်းဝိုင်းလေးပုံစံရှိပါတယ်။ သံပုရာသီးက အစိမ်းရောင် (သို့) အဝါရောင်အဆင်းရှိပြီး ချဉ်တဲ့အရာသာရှိပါတယ်။ သံပုယိုသီးကတော့ ချဉ်ပြီး အဝါရောင်တောက်တောက်အဆင်းရှိပါတယ်။
အသီးနှစ်မျိုးလုံးကတော့ ဗီတာမင် C ကြွယ်ဝပါတယ်။ သံပုယိုသီးတစ်လုံးမှာတော့ ပျမ်းမျှအားဖြင့် ဗီတာမင် C ၅၃ မီလီဂရမ်ပါဝင်ပြီး သံပုရာသီးတစ်လုံးမှာတော့ ဗီတာမင် C ၂၉ မီလီဂရမ်ပါဝင်ပါတယ်။ သံပုရာသီးမှာ ဗီတာမင် A ပါဝင်မှုပိုများပြီး သံပုယိုသီးမှာတော့ ဖောလိတ်အက်ဆစ်နဲ့ ပိုတက်ဆီယမ်ပါဝင်မှုပိုများပါတယ်။
အသီးနှစ်မျိုးစလုံးမှာပါဝင်တဲ့ အဟာရဓါတ်ဟာ သိပ်ပြီးတော့ ကွာခြားမှုမရှိလှပါဘူး။ သံပုယိုသီးမှာရော သံပုရာသီးမှာပါ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပါဝင်ပြီး ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ကွန်ပေါင်းဓါတ်တွေပါဝင်ပါတယ်။
အသီးနှစ်မျိုးလုံးက အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ရောင်ရမ်းမှုကိုသက်သာစေပါတယ်။ အသီးနှစ်မျိုးလုံးမှာ အက်ဆစ်ဓါတ်ကြွယ်ဝပြီး အရသာကတော့ အနည်းငယ်သာကွဲပြားပါတယ်။
သံပုယိုရည်ကို အသုတ်တွေ ပါစတာခေါက်ဆွဲတွေ ငါးတွေ အသားအတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ သံပုရာသီးကိုလည်း အလားတူပဲ အသုံးပြုကြပါတယ်။
သံပုယိုသီးရော သံပုရာသီးနှစ်မျိုးလုံးဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး နေ့တိုင်းလိုလိုစားပေးသင့်ပါတယ်။