ထောပတ်သီးစားတဲ့အခါ ထောပတ်စေ့ကိုစားသုံးဖို့ ကျွန်မတို့ မတွေးမိကြပါဘူး။ တကယ်တော့ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အာနိသင်ရှိတဲ့ အာဟာရဓါတ်တွေအများအပြားပါဝင်နေတာပါ။
ထောပတ်သီးစေ့ရဲ့အကျိုးကျေးဇူးများ
ထောပတ်သီးစေ့မှာ Antioxidant တွေအများအပြားပါဝင်နေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရောပါပမာဏကိုလျှော့ချပေးနိုင်ပြီး သွေးတိုးကျစေပါတယ်။ ဒါ့အပြင် အသက်ငယ်ငယ်နဲ့ ဆီးချိုဖြစ်တာကနေကာကွယ်နိုင်ပါတယ်။ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးပါတယ်။
ထောပတ်သီးစေ့ကိုစားပေးတာဟာ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်လမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေကို သက်သာစေပါတယ်။
ထောပတ်စေ့ကိုဒီလိုစားမယ်
ထောပတ်စေ့ကိုစားသုံးနိုင်ဖို့အတွက်
- ထောပတ်စေ့ တစ်ဝက်
- ပန်းသီး ၃ လုံး (သို့) ၄ လုံး
- ငှက်ပျောသီး ၁ လုံး (သို့) ၂ လုံး
- သံပုယိုသီး ၂ လုံး (သို့) ၃ လုံး (အခွံနွှာပြီး)
- ဟင်းနုနွင်ရွက် ၁ ခွက်စာ
- တရုတ်နံနံပင် ၁ စည်း
- ဂျင်း ၁/၄
- တရုတ်နံနံကြီး အညှာ ၁ ချောင်း
ပြုလုပ်နည်း
ထောပတ်သီးစေ့ကို အမှုန့်ကြိတ်လိုက်ပါ။ (ညက်နေအောင်ကြိတ်ပါ)
အဲဒီနောက် တခြားပါဝင်ပစ္စည်းတွေအားလုံးကိုလည်း ကြိတ်စက် (သို့) ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။
အဲဒီနောက် သောက်သုံးလို့ရပါပြီ။ Antioxidant နဲ့ အဟာရဓါတ်ကြွယ်ဝတဲ့ ဖျော်ရည်ကို သောက်သုံးပေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။