ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားချင်သူတွေအနေနဲ့ သံပုရာရည်ကို ပုံမှန်သောက်သုံးလေ့ရှိကြပါတယ်။ သူက အဆီပိုတွေကို ဖယ်ရှားပေးတဲ့ အကျိုးကျေးဇူးတွေအပြင် အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

အခုဆက်လက်ဖော်ပြပေးမှာကတော့ သံပုရာရည်ကို နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် ၇ရက် အကြာမှာ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

ခံတွင်းရနံ့ သင်းပျံ့စေခြင်း

သံပုရာရည်မှာ ပါဝင်တဲ့ အချဉ်ဓာတ်က ပါးစပ်အနံ့ နံခြင်းမှ ကာကွယ်ပေးတဲ့အတွက်ကြောင့် စာဖတ်သူအနေနဲ့ ခံတွင်းရနံ့ ကောင်းမွန်စေဖို့အတွက် ပီကေဝါးရခြင်းဒုက္ခမှ ကင်းဝေးစေပါလိမ့်မယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားပြီးတိုင်းမှာလည်း သံပုရာရည် သောက်သုံးပေးခြင်းအားဖြင့် ခံတွင်းရနံ့ဆိုးကို ဖယ်ရှားပေးနိုင်ပါတယ်။

သင့်ရဲ့အသားအရေကို ငယ်ရွယ်နုပျိုစေခြင်း

သံပုရာရည် နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် အသားအရည်ကို အစိုဓာတ် ထိန်းပေးတဲ့အတွက်ကြောင့် သင့်အသားအရေက ယခင်ကထက် ပိုမိုကြည်လင်နူးညံ့ခြင်း၊ အသားအရေ ပိုမိုတင်းတင်းခြင်းတို့ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်ပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ချွေးမှတဆင့် ဖယ်ရှားပေးပါလိမ့်မယ်။ ဒါ့အပြင် ဗီတာမင်စီကြွယ်ဝတဲ့အတွက်ကြောင့် အရေးအကြောင်းများကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

သံပုရာရည်က ကိုယ်အလေးချိန် လျော့ချပေးရာမှာ ဆရာတစ်ဆူပါပဲ။ သံပုရာရည်သောက်ပြီး ဝိတ်ချတဲ့သူတွေက သံပုရာရည်မသောက်ဘဲ ဝိတ်ချတွေသူတွေထက် ပိုပြီး ဝိတ်ကျမြန်ပါတယ်။

စိတ်ခံစားချက် ကောင်းမွန်စေခြင်း

သံပုရာသီးရဲ့ ရနံ့က စိတ်ဖိစီးမှုကို လျော့ချပေးပြီး သင့်ရဲ့စိတ်ကို တည်ငြိမ်စေပါတယ်။ သံပုရာရည် သောက်ခြင်းအားဖြင့်လည်း တူညီတဲ့အကျိုးကျေးဇူးကို ခံစားရရှိနိုင်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

Source: Fitnessengage.com