ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့အဆီတွေထဲမှာ ချေဖျက်ရအခက်ဆုံးအဆီကတော့ ဝမ်းဗိုက်အဆီပဲဖြစ်ပါတယ်။ ထိုချေဖျက်ရခက်တဲ့အဆီက တော်တော်နဲ့ကျမသွားတာကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ လမ်းတစ်ဝက်မှာတင် လက်လျော့လိုက်ကြပါတယ်။

ဝမ်းဗိုက်အဆီတွေ ကျဖို့ အချိန်အကြာကြီး စောင့်စရာမလိုဘဲ ၇ ရက်အတွင်း အဆီမြန်မြန်ကျချင်ပါသလား။ အခုဖော်ပြပေးမယ့် ဖျော်ရည်လေး ဖျော်သောက်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • စပျစ်သီးဖျော်ရည် (သို့မဟုတ်) လိမ္မော်ရည် ၂၅၀ မီလီလီတာခန့်
  • ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ထိုပါဝင်ပစ္စည်းများ အားလုံးကို သစ်သီးဖျော်စက်ထဲထည့်ပြီး မွှေပေးလိုက်ပါ။ ထိုပနောက် ဖန်ခွက်ထဲပြောင်းထည့်ကာ သမအောင် မွှေခလောက်ပြီးနောက် အရသာရှိရှိသောက်သုံးပေးနိုင်ပါတယ်။ ထမင်းစားခါနီးတိုင်းမှာ ဒီဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် တစ်ပတ်အတွင်းမှာ ဗိုက်အဆီတွေ သိသိသာသာလျော့ကျသွားပါလိမ့်မယ်။

တစ်ပတ်ကြာတာနဲ့ ဆက်မသောက်ပါနဲ့တော့။ တကယ်လို့ ဆက်သောက်ချင်သေးတယ်ဆိုရင် နှစ်ပတ်လောက်ခြားပြီးမှ ဆက်သောက်ပေးရပါမယ်။ သောက်နေစဉ်အတွင်းမှာ မအီမသာခံစားနေရပြီဆိုရင် ဆက်မသောက်သုံးသင့်တော့ပါဘူး။ ကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ်များရယူပြီးမှ ဆက်လက်သောက်သုံးလိုက်ပါ။

ဒီဖျော်ရည်သောက်သုံးပြီး ဝိတ်ချနေတယ်ဆိုရင်တော့ မိမိစားသုံးတဲ့ အစားအစာတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ အချိုများသော အစားအစာများ၊ အငန်ဓာတ်များသော အစားအစာများ၊ အသင့်စား အစားအစာများ၊ ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများကိုလည်း မစားပါနဲ့။ ထိုအစားအစာများက ဝမ်းဗိုက်မှာ အဆီပိုတွေစုစေတဲ့ တရားခံတွေပဲဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ စိတ်ဖိစီးမှုကင်းအောင် နေထိုင်ဖို့ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းက အထက်ကဖော်ပြခဲ့သော အစားအစာများ စားမိအောင် လှုံ့ဆော်တာကြောင့် စိတ်တည်ငြိမ်အောင်တရားထိုင်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်း၊ မိမိနှစ်သက်သော အရာတစ်ခုခုကို ပျော်ပျော်ပါးပါးပြုလုပ်ခြင်း စတဲ့ အလေ့အကျင့်ကောင်းများကို မွှေးမြူပေးလိုက်ပါ။

Source: Stylecraze.com