အစားစာချိန်မမှန်တာ အစားမြန်မြန်စားတာ အစားများများားမိတာတွေကြောင့် အစာအိမ်အတွင်းမှာ နေလို့မကောင်းဘူးဖြစ်နေလား။ အစာမကြေတာ ရင်ပူတာ စတဲ့ ဝေဒနာတွေအတွက်လည်း အိမ်တွင်း ဆေးနည်းတစ်လက်ကို မျှဝေပေးချင်ပါတယ်။
အစာချေစနစ်ကိုကောင်းမွန်စေပြီး ရင်ပူတာနဲ့ အစာအိမ်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
အုန်းနို့ ၂ ခွက်
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁/၄ ပုံ
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို စီထားတဲ့ စာရင်းအလိုက်ထည့်ပါ။ ပျားရည်ကို နောက်ဆုံးမှထည့်ပါ။ ပြီးရင် အိုးထဲထည့်ပြီး အပူချိန်နည်းနည်းနဲ့ ၅ မိနစ်လောက်သည်ပြီးမှ ပျားရည်ထည့်ပါ။
ပြီးရင် အိပ်ယာမဝင်ခင်သောက်ပေးပါ။ အစာအိမ်နဲ့ ပတ်သတ်တဲံ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။