USA Illinois တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက် အသစ်အရ တစ်နေ့မှာ ရေ ဖန်ခွက် ၇ခွက် သောက်ခြင်းဟာ ကယ်လိုရီ ၂၀၀လောက်ကို လျော့ချဖို့ ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ဒီသုတေသနဟာ လူပေါင်း 18300 ကို ပေါ် အခြေခံပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေကတော့ –

– တနေ့စီတိုင်းမှာ ရေတစ်ခွက် ပိုသောက်ခြင်းဟာ 68 ကယ်လိုရီစာ လျှော့စားဖြစ်စေပါတယ်

– သုံးခွက် ပိုသောက်ခြင်းဟာ ၂၀၅ ကယ်လိုရီစာ လျှော့စားဖြစ်စေပါတယ်။

– တစ်ရက်စီမှာ ၂၀၅ ကယ်လိုရီလျော့ရင် တစ်ပတ်မှာ ပေါင်ဝင် ဝန်းကျင် ချစေနိုင်ပါတယ်။

– ရေဘယ်လောက် သောက်လဲဆိုတဲ့ အပေးမူတည်ပြီး ဆိုဒီယမ်ဟာ 78 -235 မီလီဂရမ် လျော့ကျစေပါတယ်။

– သကြားဓာတ်ဟာ 5-18 ဂရမ်အထိ လျော့ကျစေပါတယ်။

– ကိုလက်စထရော ၇-၂၁ မီလီဂရမ် လျော့ကျစေပါတယ်။

ရေဟာ တကယ်ပဲ ဝိတ်ကျစေပါသလား

ရေဟာ ထင်သလိုတော့ ဝိတ်ကျစေတဲ့ မှော်ပစ္စည်းတစ်ခုတော့ မဟုတ်ပါဘူး။ ဘာက အဓိကလုပ်ဆောင်နေလဲဆိုရင် အစာစားချင်စိတ်ကို နည်းသွားစေတာပါ။ ရိုးရိုးလေး စဉ်းစားကြည့်ရင် ရေသောက်လိုက်တော့ ဗိုက်ပြည့်သွားစေတဲ့အတွက် စားချင်စိတ်မရှိတော့တာပါ။ ပိန်ဆေးတွေထက် ဆိုးကျိုးနည်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နည်းလမ်းတစ်ခုပါ။

ကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးပြီး ကလီစာတွေ ကောင်းမွန်စွာ အလုပ် လုပ်စေပါတယ်။ သုတေသန လုပ်သူတွေကတော့ ဗိုက်ဆာလာတဲ့ အခါ ရေသောက်ပါလို့ အကြံပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ဟာ ရေဆာတဲ့ အခါဖြစ်ဖြစ် ဗိုက်ဆာတဲ့ အခါဖြစ်ဖြစ် လုပ်နေကျ ပုံစံတွေမဟုတ်တော့ဘူး မှားယွင်းလေ့ရှိပါတယ်တဲ့။ (ဒါကြောင့် ဗိုက်ဆာရင် ဒေါသထွက်လာကြတာနေမယ်)

ကဲ..ကြည်လင်တဲ့ အသားအရည်အတွက်ရော ဝိတ်ထိန်းတဲ့ အတွက်ပါ ရေ ၇ခွက် သောက်ကြရအောင်နော်။

Credit: Indiatimes