ယနေ့ခေတ်မှာ ဝိတ်အမြန်ကျချင်သူတွေကြား ခေတ်စားနေတဲ့ ဖျော်ရည်တစ်မျိုးကတော့ Detox ဖျော်ရည်ပဲဖြစ်ပါတယ်။ Detox ဖျော်ရည် ဆိုတာကတော့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနဲ့ ဆေးဖက်ဝင်အရွက်များ အားလုံးကို အချိုးကျကျပေါင်းစပ်ကာ ဖျော်စပ်ထားတဲ့ ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။

Detox ဖျော်ရည်များက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို အားလုံးကို ဖယ်ရှားပေးကာ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။ စာဖတ်သူအနေနဲ့ ဝိတ်အမြန်ကျချင်တယ်ဆိုရင် အခုဝေမျှပေးမယ့် Detox ဖျော်ရည်တွေထဲက မိမိကြိုက်နှစ်သက်တဲ့ ဖျော်ရည်တစ်မျိုးမျိုးကို ဖျော်သောက်ပေးလိုက်ပါ။

Green Tea ဖျော်ရည်

ရေ ၂၅၀ မီလီလီတာကို ပွက်ပွက်ဆူအောင် အပူပေးပြီးနောက် ဖန်ခွက်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် Green Tea အိတ်လေးကို ထိုရေနွေးခွက်ထဲထည့်လိုက်ပါ။ ပြီးရင် သံပုယိုရည် ၄ စိပ် ၁ စိပ်ကို ရေနွေးထဲသို့ ညှစ်ထည့်လိုက်ပါ။ ထိုရေနွေးကို နွေးနွေးလေးဖြစ်နေတုန်းမှာ သောက်သုံးပေးလိုက်ပါ။

ပျားရည်၊ သံပုယိုရည်နှင့် ဂျင်း

ရေ တစ်ဖန်ခွက်ခန့်ကို ပူတယ်ဆိုရုံသာ အပူပေးထားပါ (ပွက်ပွက်ဆူအောင် အပူပေးစရာမလိုပါဘူး)။ ဂျင်း လက်မဝက် အရွယ်အစားကို ညှက်နေအောင် ထောင်းပြီးနောက် ရေနွေးထဲထည့်လိုက်ပါ။ ထိုရေနွေးထဲသို့ သံပုယိုသီး တစ်ခြမ်းညှစ်ထည့်လိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ဒီ Detox ဖျော်ရည်လေးကတော့ ဝိတ်တက်ခြင်းနဲ့ အဝလွန်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

သံပုယိုသီးနှင့် သခွားသီး Detox ဖျော်ရည်

လိုအပ်မယ့် ပစ္စည်းတွေကတော့ သံပုယိုသီး ၁ လုံး၊ သခွားသီး ၁ လုံး၊ ပင်စိမ်းရွက်အနည်းငယ်၊ ဆားအနည်းငယ်နှင့် ရေ တစ်ကရားတို့ပဲဖြစ်ပါတယ်။ သံပုယိုသီးကို အစိပ်သေးသေးလေး စိပ်ထားပါ။ သခွားသီးကို ခပ်ပါးပါးလှီးထားပါ။ ထို့နောက် သံပုယိုသီးနှင့် သခွားသီး နှစ်မျိုးစလုံးကို ရေကရားထဲထည့်လိုက်ပါ။

ကရားထဲသို့ ပင်စိမ်းရွက်အနည်းငယ်၊ ဆားအနည်းငယ်ထည့်ပြီးနောက် ရေလောင်းထည့်လိုက်ပါ။ ထိုရေကရားထဲက Detox ဖျော်ရည်ကို တစ်နေ့တာလုံး သောက်သုံးပေးလိုက်ပါ။ သခွားသီးမှာ ရေဓာတ် ၉၅.၂ ရာခိုင်နှုန်းပါဝင်ပြီး သခွားသီးနဲ့ သံပုယိုသီး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

Source: Stylecraze.com