[Unicode]

တရုတ် နံနံပဲဖြစ်ဖြစ် မြန်မာနံနံပဲဖြစ်ဖြစ် ဟင်းလျာတွေမှာ ထည့်ပြီး စားသုံးကြပါတယ်။ နံနံ မှာ တခြားကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဓာတ်တွေ အများကြီး ရှိနေပါတယ်။

celery-e1464533174575

ကင်ဆာရောဂါကို ကာကွယ်ပေး

cancer-prevention

နံနံမှာ Phthalides, Flavoids နဲ့ Polyacetylenes ဓာတ်တွေပါဝင်ပြီး ဒါတွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ နံနံမှာပါဝင်တဲ့ Antioxidants တွေက ဆဲလ်ပျက်စီးမှုတွေကိုကာကွယ်ပေးပြီး၊ Free Radicals တွေကို ကင်ဆာဖြစ်စေတဲ့အဆင့် အထိ မရောက်အောင် ကာကွယ် ထိန်းညှိပေးပါတယ်။

နှလုံးကျန်းမာရေးကို ကာကွယ်ပေး

heart-disease-03

နံနံမှာ Antioxidants ပေါင်းများစွာနဲ့ Anti-Inflammatory Properties များစွာ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ တရုတ်နံနံမှာပါဝင်တဲ့ Phytonutrients တွေက ဆဲလ်တွေ ပျက်စီးတာတွေနဲ့ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်တွေကို ကာကွယ် လျော့ချပေးပါတယ်။ နံနံမှာပါဝင်တဲ့ Phthalides တွေက ကြွက်သားတွေကို ပျော့ပြောင်းစေတာကြောင့် သွေးကြောတွေကို မပိတ်အောင်လုပ်ဆောင်ပေးနိုင်တာကြောင့် ကျန်းမာတဲ့ သွေးပေါင်ချိန်ကို ရရှိအောင်ကူညီပေးပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

digestive-system-04

နံနံမှာ ရေဓာတ်တွေ အမျှင်ဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ သူ့မှာ အစာခြေစနစ်ကို ထောက်ပံ့ပေးတဲ့ Pectin ဓာတ်တွေလည်းပါဝင်ပါတယ်။ အစာအိမ် ယောင်တာ၊ အစာအိမ် အချဉ်ပေါက်တာ စတဲ့ အစာအိမ်ရောဂါတွေကိုလည်းသက်သာစေပါတယ်။

မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေး

နံနံမှာ Butylphthalide ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်နဲ့ မသင့်လျော်တဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ချပေးပါတယ်။ ချီကာကို တက္ကသိုလ်ရဲ့ လေ့လာစမ်းသပ်ချက်အရ တစ်နေ့ကို တရုတ်နံနံ ၂ပင် စားပေးရင် LDL ကိုလက်စထရော ၇ ပွိုင့်လောက် လျော့ချပေးတယ်လို့ ပြောပါတယ်။

Featured Image Source: Wellness.com

[Zawgyi]

တရုတ္ နံနံပဲျဖစ္ျဖစ္ ျမန္မာနံနံပဲျဖစ္ျဖစ္ ဟင္းလ်ာေတြမွာ ထည့္ၿပီး စားသံုးၾကပါတယ္။ နံနံ မွာ တျခားက်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ ဓာတ္ေတြ အမ်ားႀကီး ရွိေနပါတယ္။

celery-e1464533174575

ကင္ဆာေရာဂါကို ကာကြယ္ေပး

cancer-prevention

နံနံမွာ Phthalides, Flavoids နဲ႔ Polyacetylenes ဓာတ္ေတြပါ၀င္ၿပီး ဒါေတြဟာ ကင္ဆာေရာဂါကို တိုက္ဖ်က္တဲ့ ဓာတ္ေတြျဖစ္ပါတယ္။ နံနံမွာပါ၀င္တဲ့ Antioxidants ေတြက ဆဲလ္ပ်က္စီးမႈေတြကိုကာကြယ္ေပးၿပီး၊ Free Radicals ေတြကို ကင္ဆာျဖစ္ေစတဲ့အဆင့္ အထိ မေရာက္ေအာင္ ကာကြယ္ ထိန္းညွိေပးပါတယ္။

ႏွလံုးက်န္းမာေရးကို ကာကြယ္ေပး

heart-disease-03

နံနံမွာ Antioxidants ေပါင္းမ်ားစြာနဲ႔ Anti-Inflammatory Properties မ်ားစြာ ပါ၀င္တာေၾကာင့္ နွလံုးက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။ တရုတ္နံနံမွာပါ၀င္တဲ့ Phytonutrients ေတြက ဆဲလ္ေတြ ပ်က္စီးတာေတြနဲ႔ ႏွလံုးေရာဂါျဖစ္ပြားမႈအႏၱရာယ္ေတြကို ကာကြယ္ ေလ်ာ့ခ်ေပးပါတယ္။ နံနံမွာပါ၀င္တဲ့ Phthalides ေတြက ၾကြက္သားေတြကို ေပ်ာ့ေျပာင္းေစတာေၾကာင့္ ေသြးေၾကာေတြကို မပိတ္ေအာင္လုပ္ေဆာင္ေပးႏိုင္တာေၾကာင့္ က်န္းမာတဲ့ ေသြးေပါင္ခ်ိန္ကို ရရွိေအာင္ကူညီေပးပါတယ္။

အစာေျခစနစ္ကို အားေကာင္းေစ

digestive-system-04

နံနံမွာ ေရဓာတ္ေတြ အမွ်င္ဓာတ္ေတြ မ်ားစြာပါ၀င္တာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ သူ႔မွာ အစာေျခစနစ္ကို ေထာက္ပံ့ေပးတဲ့ Pectin ဓာတ္ေတြလည္းပါ၀င္ပါတယ္။ အစာအိမ္ ေယာင္တာ၊ အစာအိမ္ အခ်ဥ္ေပါက္တာ စတဲ့ အစာအိမ္ေရာဂါေတြကိုလည္းသက္သာေစပါတယ္။

မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေပး

နံနံမွာ Butylphthalide ဓာတ္ပါ၀င္တာေၾကာင့္ ခႏၶာကိုယ္နဲ႔ မသင့္ေလ်ာ္တဲ့ မေကာင္းတဲ့ ကိုလက္စထေရာေတြကိုလည္း ေလ်ာ့ခ်ေပးပါတယ္။ ခ်ီကာကို တကၠသိုလ္ရဲ႕ ေလ့လာစမ္းသပ္ခ်က္အရ တစ္ေန႔ကို တရုတ္နံနံ ၂ပင္ စားေပးရင္ LDL ကိုလက္စထေရာ ၇ ပိြဳင့္ေလာက္ ေလ်ာ့ခ်ေပးတယ္လုိ႔ ေျပာပါတယ္။

Featured Image Source: Wellness.com