ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စားပေးခြင်းက ကျန်းမာစေတယ်လို့ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် စိတ်ကိုပျော်ရွှင်စေတာရော?

ဟုတ်ပါတယ်။ သြစတေးလျ လေ့လာတွေ့ရှိချက်အရ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်စားပေးခြင်းက စိတ်ပျော်ရွှင်စေတယ်လို့ အတည်ပြုထားပါတယ်။ ပုံမှန်စားနေကျ စနစ်ထဲမှာ အသီးအနှံထည့်စားပေးခြင်းက ဘဝကို ကျေနပ်စေတဲ့အပြင် အလုပ်လက်မဲ့ ဘဝကနေ အလုပ်ရသွားသလိုခံစားချက်မျိုးဖြစ်ပေါ်စေပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အချိန်တော့ အနည်းငယ်ကြာကြာ ယူပါတယ်။

Oranges

ယင်းလေ့လာမှုတွင် သြစတေးလျ နိုင်ငံရှိ လူပေါင်း ၁၂၀၀၀ခန့်ကို ၂နှစ်ကြာလောက် စစ်တမ်းကောက်ခဲ့ကြတယ်။ လေ့လာမှုမတိုင်မီ သူတို့ရဲ့ ပုံမှန်စားသောက်ပုံကို မေးမြန်းမှတ်ယူထားပြီး ဘဝကျေနပ်မှုအပေါ်သုညမှ တစ်ဆယ် အထိ အမှတ်ပေးခိုင်းတယ်။ ၂နှစ်လောက်ကြာပြီး လေ့လာမှုအဆုံးမှာတော့ အသီးအနှံထပ်တိုးစားသောက်တဲ့လူတွေက ဘဝမှာ ပိုပြီး ကျေနပ်မှုရရှိတယ်လို့ အမှတ်ပေးခဲ့ကြတယ်။

bl-600x450

ဘာကြောင့် အသီးအနှံက စိတ်ပျော်ရွှင်မှုနဲ့ ဆက်စပ်နေမှန်းတော့ အဖြေထုတ်လို့မရသေးပါဘူး။ ဒါပေမယ့် အသီးအနှံတွေမှာပါဝင်တဲ့ Carotenoids ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းဟာ လူတစ်ယောက်ကို အကောင်းမြင်ဝါဒတိုးစေခြင်းနှင့် ဆက်စပ်နေပါတယ်။ဒါ့အပြင် အသီးအနှံတွေမှာ ပါဝင်တဲ့ B12 မှာ ဦးနှောက်မှာရှိတဲ့ စိတ်ခံစားမှုအခြေအနေကို ထိန်းညှိပေးတဲ့ Serotonin ကို မြှင့်တင်ပေးတယ်။

ဒီရလဒ်က ဆရာဝန်တွေလူနာကို အသီးအနှံစားဖို့ အကြံပေးရာမှာပိုပြီးအထောက်အကူဖြစ်စေပါတယ်။ဘာကြောင့်လည်းဆိုတော့ ကျန်းမာရေးအတွက်သာမက ပျော်ရွှင်မှုအတွက်ပါအရေးပါတာကြောင့်ပါ။ လူတစ်ယောက်ရဲ့ ကျန်းမာခြင်းနောက်ကွယ်မှာ သူစားသောက်တဲ့ အစားအစာကလည်း အဓိကပံပိုးပေးတယ်ဆိုတာကို လူတိုင်းသိရှိစေချင်ပါတယ်။

Source: Live Science