မနက်ခင်းအိပ်ယာနိုးတဲ့အချိန် အစားမစာခင်မှာ ကြက်သွန်ဖြူ တစ်စိတ်လောက်ကို စားပေးဖူးပါသလား။
ဒီလိုစားပေးတာဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူမှာ အမျှင်ဓါတ် ဗီတာမင် C , B6 နဲပ ကယ်လ်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ အမျိုးသား ကင်ဆာရောဂါဆိုင်ရာ အင်စတီကျု့စ်အဖွဲ့က ကြက်သွန်ဖြူကို ကင်ဆာတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့ အစားအစာအဖြစ် အသိအမှတ်ပြုထားတာပါ။
ကြက်သွန်ဖြူရဲ့ တခြားအကျိုးကျေးဇူးတွေကတော့
စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
သွေးတိုးကျစေပါတယ်။
ကိုလက်စထရော ကျစေပါတယ်။
သွေးတွင်သကြားဓါတ်ကို ထိန်းညှိပေးပါတယ်။
အသည်းက အဆီတွေကို ရှင်းလင်းဖယ်ရှားပေးပါတယ်။
ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။
အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။
အအေးမိ ဖျားနာတာကို လျှော့ချပေးပါတယ်။
ကြက်သွန်ဖြူအစိမ်းကို မနက်စာမစားခင် စားပေးပြီး ရေတစ်ခွက်သောက်လိုက်ပါ။ တကယ်လို့ အစိမ်းလိုက် ဝါးမစားချင်ဘူးဆိုရင်လည်း မီးဖုတ် (သို့) မီးကင်ပြီး စားပေးနိုင်ပါတယ်။