ကြက်ဥဟာ ကြည့်လိုက်ရင်တော့ သေးသေးလေးဖြစ်ပေမယ့် သူ့ဟာအာဟာရများစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစာရင်းထဲမှာ ထိပ်ဆုံးကပါဝင်တဲ့ စူပါအစားအစာ တစ်ခုပါ။

လွယ်ကူတဲ့မနက်စာ သို့မဟုတ် နေ့လည်စာ ညစာအတွက် မြန်မြန်ဆန်ဆန်ချက်ပြုတ်ဖို့ရှာနေပြီဆိုရင်လည်း ကြက်ဥက တကယ်ကို မြန်မြန်ဆန်ဆန်ချက်ပြုတ်လို့ ရပါသေးတယ်၊၊ ဒီလိုအသုံးဝင်တဲ့ကြက်ဥကို ဘယ်လိုချက်ပြုတ်လို့ရလဲဆိုတာ ကြည့်လိုက်ရအောင်-

ကြက်ဥပြုတ်

ရိုးရိုးရှင်းရှင်းနဲ့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ နံနက်စာအတွက် ကြက်ဥပြုတ်ကို ထောပတ်သီးကင် ဒါမှမဟုတ် အသီးအရွက်ကင်တို့နဲ့လည်း တွဲဖက်စားသုံးလို့ရပါသေးတယ်။

Shakshuka

ကြက်ဥနဲ့ ခရမ်းချဉ်သီးဆော့စ်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေပေါင်းစပ်ထားတဲ့ အရှေ့အလယ်ပိုင်းဟင်းလျာတစ်မျိုးဖြစ်တဲ့ Shakshuka ကို  နံနက်စာ၊ နေ့လည်စာ သို့မဟုတ် ညစာအတွက်လည်း ရွေးချယ်နိုင်ပါတယ်။

Egg Bites

ဒိန်ခဲ၊ ဟင်းသီးဟင်းရွက်များ၊ဘေကွန်တို့ကို ခွက်တစ်ခုထဲမှာ ဖုတ်ထားတဲ့ Egg Bites ကလည်း သွားရင်းလာရင်းစားလို့ရတဲ့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ မနက်စာတစ်ခုပါ။

Korean Sauna Eggs

ထူးခြားတဲ့အရသာရှိဖို့  ၂ နာရီကြာ ပြုတ်ထားတဲ့ Korean Sauna Eggs ကလည်း ကိုရီးယားမှာ  လူကြိုက်များတဲ့ သရေစာတစ်မျိုးပါ။

Egg Custard

လုပ်ရတာ ရိုးရှင်းပြီး ကြက်ဥ၊ သကြား၊ နို့တို့နဲ့ပြုလုပ်ထားတဲ့  Egg Custard ကလည်း အရသာရှိတဲ့အချိုပွဲအတွက် အကောင်းဆုံးပါပဲ။

Eggnog

ကြက်ဥ ၊ နို့ ၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပြုလုပ်ထားတဲ့  ခရင်မ်အရသာ Eggnog ဖျော်ရည်က ဆောင်းရာသီအတွက် အသင့်တော်ဆုံးပါ။

ကြက်ဥမွှေချက်

ဒိန်ခဲ၊ ဟင်းသီးဟင်းရွက် စတာတွေနဲ့ စိတ်ကြိုက်ပြုလုပ်နိုင်တဲ့ ကြက်ဥမွှေချက်က ချက်ရလွယ်ကူပြီး မနက်စာအဖြစ်လည်း စားလို့ရပါသေးတယ်။