“ကြက်ဥအခွံက သွားနဲ့ဘာဆိုင်လို့လဲ” ဆိုပြီးတွေးမိကြပါလိမ့်မယ်။ သဘာဝပစ္စည်းတွေအားလုံးဟာ သူ့အာနိသင်နဲ့ သူအသုံးဝင်ပါတယ်။ သာမန်အားဖြင့် ကြက်ဥအခွံကို ပစ်ပဲပစ်ကြပါတယ်။ သူရဲ့အသုံးဝင်ပုံလေး ကို သတိပြုမိကြမှာမဟုတ်ပါဘူး။
အမှန်တကယ်တော့ ကြက်ဥအခွံမှာ ကယ်လ်စီယမ်ဓာတ်အပြင် အခြား သတ္တုဓာတ် ၂၅မျိုးပါဝင်ပါတယ်။ အဲ့ဒီ့ ဓာတ်တွေဟာ သွားပိုးစားခြင်းကို ပျောက်ကင်းစေပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။ ထို့အပြင် သွားတွေကိုလည်း ဖြူဖွေးစေပါတယ်။
ကလေးငယ်လေးတွေ အရိုးတစ်သျူးဆဲလ်တွေ ဖြစ်ပေါ်ရာမှာ လိုအပ်တဲ့ Calcium ဓာတ်တွေကို ကြက်ဥအခွံကပေးနိုင်ပါတယ်။ အထူးသဖြင့် သွေးအားနည်ရောဂါ၊ ဖျော့တော့နာရှိတတ်တဲ့ ကလေးငယ်တွေရဲ့ အစားအစာထဲမှာ ကြက်ဥအခွံကို ကြိတ်ထည့်ပေးခြင်းအားဖြင့်သက်သာစေပါတယ်။
ကြက်ဥအခွံကို စားသုံးရန်ပြုလုပ်နည်း
ကြက်ဥအခွံမှ အာဟာရဓာတ်အကောင်းမွန်ဆုံးရရှိအောင် သဘာဝကြက်ဥ အခွံကိုအသုံးပြုပါ။ ပထမဆုံး ကြက်ဥကိုပြုတ်ပါ။ (ဒါမှသာ ပို့မွှားများကိုသေစေနိုင်မှာပါ)။ပြီးလျှင် အအေးခံပြီး ညက်ညောတဲ့အမှုန့်ရအောင်ကြိတ်ပါ။ အမှုန့်ရလာတဲ့အခါမှာတော့အစားအသောက်ထဲ ထည့်ရော စားလို့ရပါပြီ။
သဘာဝကြက်ဥခွံ သွားတိုက်ဆေးမှုန့်
တီဗီဖန်သားပြင်တွေပေါ်မှာကြော်ငြာနေကြတဲ့ သွားတိုက်ဆေးတွေဟာ သွားများကို ကောင်းကျိုးပြုတာမှန်ပေမယ့် သွားဖုံးထဲ ပလတ်စတစ်ဓာတ်ကို မြှုပ်ဝင်စေတဲ့အတွက် ကင်ဆာဖြစ်လာမှာကိုတော့ စိုးရိမ်ရပါတယ်။ ကြက်ဥခွံက သဘာဝကရတဲ့အတွက် ယုံကြည့်စိတ်ချစွာ အသုံးပြုလို့ရပါတယ်။
ပါဝင်ပစ္စည်းများ
- ကက်ဥအခွံ စားပွဲတင်ဇွန်း ၄ ဇွန်းစာ
- အုန်းဆီ စားပွဲတင်ဇွန်း၂ဇွန်း
- မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း၁ဇွန်း
ပြုလုပ်နည်း
- ကြက်ဥအခွံကို အညစ်အကြေးစင်အောင်ဆေးပါ။ -ပြးီလျှင် ပိုးမွှားများစင်ကြယ်အောင်ပြုတ်ပါ။ပြုတ်ပြီးလျှင် အအေးခံပါ။
- အေးသွားလျှင် ကော်ဖီကြိတ်စက် သို့မဟုတ် ရိုးရိုးကြိတ်စက်ထဲတွင် အမှုန့်ရ၍ ညက်ညောသည်အထိကြိတ်ပါ။
- ကြက်ဥအခွံမှုန့်၊မုန့်ဖုတ်ဆိုဒါကို ထည့်၍ အုန်းဆီလောင်းကာ နူးညံ့ချောမွတ်လာသည်အထိမွှေပါ။
- ရလာသော အနှစ်ကို ဖန်ဘူးထဲတွင်ထည့်၍ သွားတိုက်သည့်အခါ သွားပွတ်တံပေါ်ထည့်၍ တိုက်နိုင်ပါသည်။
Photo Credit: Freedom Wellness