ခရမ်းသီးကို သာမန်အားဖြင့် အစိမ်းလိုက်စားလေ့မရှိကြပါဘူး။ ခရမ်းသီးနှပ်၊ ခရမ်းသီးမီးဖုတ်၊ ခရမ်းသီးငါးပိချက် စသဖြင့်အရသာစုံလင်အောင်ချက်စားကြတာများပါတယ်။ ခရမ်းသီးမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်၊ မပါစလောက်သောကယ်လိုရီ အပြင် ကျန်းမာတဲ့စားသောက်မှုစနစ်ကို အထောက်အပံံ့ပေးပါတယ်။ ဒီ့အပြင် ခရမ်းသီးက ကိုယ်အလေးချိန်လျှောကျဖို့ အထောက်အကူပြုတာကိုတော့ လူသိနည်းမှာပါ။ အခုတစ်ခါ ခရမ်းသီးဖျော်ရည် ပြုလုပ်နည်းကိုတင်ပြချင်ပါတယ်။
ဝိတ်ကျဖို့ကူညီပေးမယ့် ဒီခရမ်းသီးဖျော်ရည်ကို ထမင်းမစားခင် ၁၅မိနစ်အလိုမှာသောက်ပေးရပါမယ်။ဒီခရမ်းသီးဖျော်ရည်ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ သတိပြုရမှာကတော့ ခရမ်းသီးက အဆီစုပ်ယူမှုကို လျှော့ချပေးပေမယ့် ဝိတ်မြန်မြန်ကျဖို့ဆိုရင်တော့ ကယ်လိုရီနည်းတဲ့အစားအစားတွဲစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရပါမယ်။