အစားအစာဆိုတာ လူတိုင်း မငြင်းနိုင်တဲ့ အရာပါ။ အစားကောင်း မကြိုက်သူဆိုတာ ရှားပါတယ်။ ကမ္ဘာတစ်လွှားက နာမည်ကြီးပြီး ဈေးကြီးတဲ့ အစားအသောက်တွေကို အစားကောင်း ကြိုက်သူတွေ အတွက် ဗဟုသုတအဖြစ် ပြန်လည် မျှဝေလိုက်ရပါတယ်။

ဈေးအကြီးဆုံးနဲ့ လူကြိုက်များမှုကို နံပတ်စဉ် ပြောင်းပြန်ထားပြီး စီထားပါတယ်။ နံပတ်စဉ် အနည်းဆုံးက ဈေးအကြီးဆုံးပါ။

bluefin-otoro-sashimi

၁၀။ Bluefin Otoro Sashimi

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ အကောင်းဆုံး ဟင်းလျာ တစ်ခုဖြစ်တဲ့ Bluefin Otoro Sashimi ဟာ ငါးနဲ့ အဓိကထား လုပ်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။ တူနာငါးကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။ တူနာငါးဟာ အာဟာရဓာတ် မြောက်များစွာ ပေးစွမ်းနိုင်ပြီး ဂျပန်တွေရဲ့ အဓိက အစားအစာလည်း ဖြစ်ပါတယ်။ ဟင်းလျာရဲ့ ဈေးကတော့ ၂၅ဒေါ်လာဝန်းကျင် ရှိပါတယ်။

kobe-beef

၉။ Kobe Beef

ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖြစ် နာမည်ကျော်ကြားလှတဲ့ အမဲသားနှစ်မျိုး ရှိပါတယ်။ တစ်ခုက Wagyu နဲ့ နောက်တစ်ခုကတော့ Kobe ပါ။ ဒီအထဲကမှ Kobe အမဲသားဟာ ပိုပြီး ဈေးကြီးပါတယ်။ သူတို့ရဲ့ အရသာဟာ အခြား အမဲသားတွေနဲ့ မတူဘဲ ထူးခြားတဲ့ အရသာ ရှိတယ်လို့ အစားအသောက် ဝေဖန်သုံးသပ်သူတွေက ပြောထားပါတယ်။

ကောင်းမွန်တဲ့ အမဲသားရဖို့အတွက် ဒေသထွက် မြက်နဲ့ ရေကိုပဲ သူတို့ကို အဓိကထား ကျွေးတယ်လို့လည်း ပြောပါတယ်။ ဒီအမဲသားကင် တစ်ပွဲကို ၃၅၀ဒေါ်လာ ရှိပါတယ်။

alba-white-truffles

၈။ Alba White Truffles

ကမ္ဘာပေါ်က ဈေးအကြီးဆုံးအစားအစာတွေထဲက တစ်ခုဖြစ်ပြီး အထူးသဖြင့် အီတလီမှာ တွေ့ရပါတယ်။ တစ်ကီလိုကို ယူရို ၇၀၀၀ ထိ အမြင့်ဆုံးဈေးရှိကြပါတယ်။ ဈေးအမြင့်ဆုံး အစားအစာအဖြစ် သတ်မှတ်ခံထားရပြီး အမြင်နဲ့ အနံ့ကတော့ စားချင်စဖွယ် မရှိလှပါဘူး။ ဒါကြောင့် ဈေးမြင့်ပေမယ့်လည်း လူအများကတော့ သိပ်ပြီး မစားချင်ကြပါဘူး။

coffin-bay-king-oysters-640x335

၇။ Coffin Bay King Oysters

၁၉ရာစုနှစ်ဝန်းကျင်မှာ Oysters တွေဟာ သာမန်လူတန်းစား စားသုံးတဲ့ အစားအစာ ဖြစ်ခဲ့ပြီး အခုခေတ်မှာတော့ ဈေးကြီးတဲ့ အစားအစာ စာရင်း ဝင်သွားခဲ့ပါပြီ။ ဈေးမြင့်တဲ့ Coffin Bay King Oystersတွေကို ဂျပန်မှာ အများဆုံး တွေ့ရပါတယ်။ သူ့မှာ အမျိုးအမည်ပေါင်း များစွာ ရှိပါတယ်။

သြစတေးလျမှာလည်း တွေ့ရပါတယ်။ အနည်းဆုံး ဒေါ်လာ ၁၀၀ ဝန်းကျင် ရှိပါတယ်။ ဟိုတယ်ကြီးတွေနဲ့ အထင်ကရ စားသောက်ဆိုင်တွေရဲ့ အဓိက ဟင်းလျာ အဖြစ် ရောင်းချလေ့ ရှိပါတယ်။

wild-harvested-kopi-luwak

၆။ Wild Harvested Kopi Luwak

Kopi Luwak ဟာ ကမ္ဘာ့ ဈေးအကြီးဆုံး ကော်ဖီပါ။ တစ်ခါသောက်ပြီးသွားတာနဲ့ တသသ ဖြစ်သွားစေမယ့် အရသာမျိုးကို ပေးစွမ်းနိုင်တယ်လို့ ဆိုကြပါတယ်။

သူရဲ့ အဓိက ကော်ဖီပင်စိုက်တဲ့ ဒေသတွေကတော့ဘေလီ၊ ဆူမာတာနဲ့ ဂျဗားတို့မှာပါ။ သူ့ရဲ့ လျှို့ဝှက်ချက်ကတော့ ရိတ်သိမ်းတဲ့အ ချိန်မှာလို့ ဆိုကြပါတယ်။ တစ်ကီလိုဂရမ်ကို ဒေါ်လာ၃၀၀၀ထိ တန်ကြေး ရှိပါတယ်။

birds-nest

၅။ ငှက်သိုက်

တရုတ်ပြည်က ငှက်သိုက်ဟာ နာမည်ကြီးပြီး လူကြိုက်များတဲ့ အစားအစာလို့ ဆိုရပါမယ်။ သူ့မှာ အဓိက အရောင် ၃မျိုးရှိပါတယ်။ အဖြူ၊ အဝါနဲ့ အနီပါ။ အကျော်ကြားဆုံးကတော့ အနီပါပဲ။

အရှေ့တောင်အာရှရဲ့ အဓိက ထွက်ကုန်ဖြစ်ပြီး ကမ္ဘာ့မှာ ကျော်ကြားတဲ့ အစားအစာ ဖြစ်လာပါတယ်။ ဈေးလည်း အတော်ကြီးပါတယ်။ လူကုံတန်တွေရဲ့ အရသာခံမှုကို ကောင်းကောင်းပေးစွမ်းနိုင်တဲ့ အတွက် ဈေးကြီးတယ်ဆိုတာ မဆန်းပါဘူး။

saffron-spice

၄။ Saffron

Saffron ဟာ အဖိုးတန်လှတဲ့ ဆေးအဖြစ်နဲ့ လူတွေ စားသုံးကြပါတယ်။ ဟင်းခတ်တစ်မျိုးဖြစ်ပြီး သူ့တန်ဖိုးဟာ ရွှေရဲ့ တန်ဖိုးနဲ့ ညီမျှပါတယ်။ အကောင်းဆုံး Saffron ဟာ အီရန်ကနေ ထွက်ပါတယ်။

အချိန်ပေးပြီး ပြုလုပ်ရတဲ့ အစားအစာဖြစ်ပြီး ကောင်းကောင်းခြောက်သွေ့ပြီး အရည်သွေးမှီတဲ့ Saffron ဖြစ်ဖို့ ၃နှစ်အချိန်ယူရပါတယ်။ ရွှေရောင်တောက်တောက် ဖြစ်နေတဲ့ Saffron ဟာ ဟင်းလျာရဲ့ အရောင်ကို ထွက်စေပါတယ်။ နနွင်းနဲ့ ဆင်တူပေမယ့် သူကတော့ ကမ္ဘာ့ဈေးအကြီးဆုံး ဟင်းခတ်တစ်မျိုးပါ။

almas-caviar

၃။ Almas Caviar

ကမ္ဘာ့ဈေးအကြီးဆုံး ဟင်းလျာတွေဟာ Caviar မပါဘဲ မပြည့်စုံပါဘူး။ သူဟာ ဟင်းလျာတွေကို အကောင်းဆုံး အရသာနဲ့ လှပတဲ့ အရောင်အဆင်းကို ပေးပါတယ်။ ဟင်းလျာထဲမှာ ပမာဏ နည်းနည်း ထည့်တယ်ဆိုရင်ပဲ လူတွေဟာ ဒီဟင်းလျာကို ကြိုက်နှစ်သက်လှပါတယ်လို့ ပြောတဲ့အထိ သူက နာမည်ကြီးပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာပဲ အသုံးပြုကြပါတယ်။

brown-lipped-abalone

၂။ Brown-Lipped Abalone

Brown-Lipped Abalone ဆိုတာ တရုတ်ပြည်မှာ နာမည်ကြီးတဲ့ Shellfish တစ်မျိုးပါ။ တရုတ်ပြည်ကနေ ကိုရီးယားအင်ပါဟာကို ပထမဆုံးပေးခဲ့တဲ့လက်ဆောင်လည်း ဖြစ်ပါတယ်။

ပင်လယ်စာထဲမှာ အရသာ အရှိဆုံးနဲ့ ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အာရှတိုက်ရဲ့ အစားအစာ ချစ်သူတွေရဲ့ အသည်းစွဲ အစားအစာ တစ်မျိုးပါပဲ။ နူးညံ့ပြီး ချိုတဲ့ အရသာကြောင့် နာမည်ကျော်ကြားခဲ့ပြီး တရုတ်ပြည်ကနေတဆင့် ကမ္ဘာတစ်လွှားမှာ နာမည်ကြီးလာခဲ့ပါတယ်။

foie-gras

၁။ Foie Gras

ကမ္ဘာ့ဈေးအကြီးဆုံး အစားအစာဖြစ်ပြီး လူတိုင်းအလွယ်တကူ ဝယ်ယူစားသုံးဖို့ မဖြစ်နိုင်တဲ့ အစားအစာလို့ သတ်မှတ်ခံထားရပါတယ်။ နူးညံ့ပြီး ချိုတဲ့အရသာဟာ အခြားအစားအစာတွေနဲ့ လုံး၀ ကွဲပြားတဲ့ အတွက် လူတွေရဲ့ ကြိုက်နှစ်သက်မှုကို ခံရပြီး ရှားပါးဈေးကြီးတဲ့ အစားအစာ ဖြစ်လာပါတယ်။ သူ့ကို နာမည်ကျော် ဝိုင်တွေနဲ့ အတူ အရသာ ခံပြီး လူကုံတန်တွေ စားတဲ့ အစားအစာအဖြစ် လူသိများလှပါတယ်။

ဖော်ပြခဲ့တဲ့ အစားအစာတွေဟာ ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ နာမည်ကြီးနေတဲ့ အစားအစာတွေ ဖြစ်ပြီး လူနှစ်ကြိုက်ခံနေရတဲ့ အစားအစာတွေပါ။ ဒီအစားအစာတွေကို အခြား နေရာတွေမှာလည်း ကွဲပြားတဲ့ ပုံစံမျိုး တွေနဲ့ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်။