နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် အကျိုးကျေးဇူးပေးစွမ်းနိုင်သလို အလှအပရေးရာအတွက်လည်း အသုံးဝင်တယ်ဆိုတာကို စာဖတ်သူတို့ သိပြီးပါပြီလား။

အလှပြင်ဆိုင်ကို တကူးတကကြီး အချိန်ပေးပြီး မသွားနိုင်တဲ့သူတွေအတွက် မိမိမီးဖိုချောင်မှာရှိတဲ့ အစားအစာလေးတွေနဲ့ အလှအပအတွက် အသုံးဝင်အောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ကြက်ဥအကာ

ကြက်ဥတစ်လုံးကို ခွဲလိုက်ပြီး အနှစ်နဲ့အကာကို ခွဲလိုက်ပါ။ ကြက်ဥအကာကို မွှေခလောက်လိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် အနည်းငယ်ကြာ အခြောက်ခံပြီးနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ ခရင်မ်သုတ်လိမ်းပေးလိုက်ပါ။ ကြက်ဥအကာက ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။

ထောပတ်သီးနှင့် ပျားရည်

သင့်ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်တတ်သလို သင့်ရဲ့အသားအရေကလည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ နွမ်းနယ်နေတဲ့အသားအရေကို ပြန်လည်လန်းဆန်းစိုပြေလာဖို့အတွက် သခွားသီးတစ်ခြမ်း၊ အုတ်ဂျုံ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို လိုအပ်ပါလိမ့်မယ်။

ထောပတ်သီးကို ရေဆေး၊ အခွံခွာပြီးနောက် အနှစ်များဖြစ်အောင် ကြိတ်ချေလိုက်ပါ။ ထို့နောက် အခြားပါဝင်ပစ္စည်းများ အားလုံးနဲ့ ရောမွှေပေးလိုက်ပါ။ ထို့နောက် သင့်မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ကြာမှ မျက်နှာသစ်လိုက်ပါ။

ပျားရည်

ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ တို့ကို ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

ပျားရည် မျက်နှာပေါင်းတင်နည်းက မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးတာကြောင့် သင့်ရဲ့အသားအရေက ကြည်လင်ဝင်းပလာပါလိမ့်မယ်။

Source: Brightside.me