အောက်တိုဘာလ ၁၅ ရက်နေ့က၊ ရန်ကုန်မြို့၊ City Mall St.John မှာ ကျင်းပခဲ့တဲ့ ဟင်းချက်ပြိုင်ပွဲ နောက်ဆုံး Final ပွဲမှာ ထားဝယ်မြို့မှ လာရောက်ယှဉ်ပြိုင်တဲ့ ကိုမောင်မောင် စိုးက ရရှိခဲ့ပါတယ်။
နောက်ဆုံးနေ့ Final ပွဲကို မိသားစု စားဖိုမှူး ၄ ယောက်ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု ရရှိသူကို ငွေကျပ် ၅ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၃ သိန်း၊ တတိယ ဆုကို ငွေကျပ် ၂ သိန်း နဲ့ စတုတ္ထရရှိသူကို လက်ဆောင်တွေချီးမြှင့်ခဲ့ပါတယ်။
ပထမဆုကိုတော့ ထားဝယ်မြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ကိုမောင်မောင်စိုး၊ ဒုတိယဆုကို မြောက်ဥက္ကလာမြို့နယ်က ဒေါ်နွယ်နွယ်ဝင်း နဲ့ တတိယဆုကို အင်းစိန်မြို့နယ်က မဖွေးဖွေးဖြစ်ပါတယ်။ စတုတ္ထရရှိခဲ့တဲ့ ဒေါ်စုမွန်သဲကို အမှတ်တရ လက်ဆောင်တွေ ရရှိခဲ့ပါတယ်။
ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်လူကြီး ၃ ဦးက မြည်းစမ်း အကဲဖြတ်ခဲ့ပြီး အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင် မသက်မွန်မြင့်ကလည်း တက်ရောက်ပြီး ဟင်းလျာတွေမြည်းစမ်း ခဲ့ပါတယ်။
ပထမဆုရရှိခဲ့တဲ့ ကိုစိုးက ကြက်သားအာလူးနဲ့ ဂုံးဟင်းရည် နဲ့ ခနော သံပုရာမှုန့်ကို သုံးပြီး သံပုရာဖျော်ရည်ကို ချက်ပြုတ်ခဲ့ပါတယ်။
ဒုတိယဆုရရှိခဲ့တဲ့ ဒေါ်နွယ်နွယ်ဝင်းကတော့ ကြက်သားဟင်းကို မြန်မာချက်နည်းအတိုင်းချက်ထားပြီး ပဲပြားနဲ့ ကြက်သားဟင်းရည်လေးနဲ့ ခနောသံပုရာမှုန့်ကိုသုံးပြီး သံပုရာရည်တို့ကို ချက်ပြုတ်ခဲ့ကြပါတယ်။
တတိယဆုရရှိခဲ့တဲ့ မဖွေးဖွေးကတော့ ၀က်သား၊ ပဲပြားဟင်းနဲ့ ငါးဟင်းရည်နဲ့အတူ ခနော သံပုရာမှုန့်ကို သုံးပြီး သံပုရာရည်တို့ကို ချက်ပြုတ်ခဲ့ကြပါတယ်။
ယှဉ်ပြိုင်သူတွေက အနံ့အရသာနဲ့ ပြည့်စုံအောင် ခနောကြက်သားမှုန့်ကို သုံးစွဲတဲ့အပြင် သံပုရာသီးအစား ခနော သံပုမှုန့်တို့ကိုလည်း သုံးစွဲခဲ့ကြပါတယ်။
စတုတ္ထရရှိခဲ့တဲ့ ဒေါ်စုမွန်သဲကတော့ ပုစွန်နဲ့ နာနတ်သီးနဲ့ ချဉ်စပ်၊ ပြောင်းဖူးဟင်းချို နဲ့ခနော သံပုရာမှုန့်ကို သုံးပြီး သံပုရာရည်ဖျော်စပ် ချက်ပြုတ်ခဲ့ကြပါတယ်။
ပြိုင်ပွဲရဲ့စည်းကမ်း
ပြိုင်ပွဲဝင်တွေကို တစ်ယောက်ကို အချိန် ၇ မိနစ်စီနဲ့ ငွေကျပ် ၁ သောင်းပေးကာ ကိုယ်ချက်မယ့် ဟင်းလျာတွေကို Ocean စူပါမားကတ်မှာ ၀ယ်ယူပြီး ချက်ပြုတ်ရတာဖြစ်ပါတယ်။
ချက်ပြုတ်ချိန်က မိနစ် ၄၀ဘဲ ရရှိတာဖြစ်ပါတယ်။ မိနစ် ၄၀အတွင်းမှာ အဓိက ဟင်းတစ်မျိုး၊ ဟင်းရည်တစ်မျိုးနဲ့ သံပုရည်တို့ကို ဖျော်ရတာဖြစ်ပါတယ်။
ခေါင်းစဉ်နဲ့ ကိုက်ညီမှု၊ အရသာနဲ့ ဖန်တီးနိုင်စွမ်း၊ ပြင်ဆင် ဖန်တီး ပုံဖော်နိုင်မှု၊ ချက်ပြုတ်တဲ့ နည်းစနစ်၊ အချိန်၊ ကျန်းမာရေးနဲ့ ညီညွတ် သန့်ရှင်းမှု နဲ့ အရသာ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပြီး အကဲဖြတ် အမှတ်ပေးသွားတာဖြစ်ပါတယ်။
အဆင့်ဆင့် ရွေးချယ်
အောက်တိုဘာလ ၁၃ရက်နေ့မှာ ဟင်းချက်ပြိုင်ပွဲ အမှတ်စဉ် ၁ နဲ့ ၂ ကိုကျင်းပပြီး တစ်ပွဲမှာ မိသားစု စားဖိုမှူး ၃ ယောက်စီနဲ့ ၆ယောက်ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
အဲ့ဒီအထဲကမှ ပထမ ရရှိသူ ၂ ဦးက အောက်တိုဘာလ ၁၅ ရက်၊ နောက်ဆုံးနေ့ Final ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
ထိုနည်းတူစွာပါဘဲ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဟင်းချက်ပြိုင်ပွဲ အမှတ်စဉ် ၃ နဲ့ ၄ ကို ကျင်းပပြီး ၆ဦး ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရသူ ၂ဦးက နောက်ဆုံးနေ့ Final ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရခဲ့ကြပါတယ်။
ခနောမြန်မာ Facebook Page ကနေ ဟင်းချက်ပြိုင်ပွဲဝင်ချင်သူ မြန်မာနိုင်ငံ အနှံ့အပြားမှ မိသားစု စားဖိုမှူးတွေကို အောက်တိုဘာလ ၃ ရက်နေ့ကတည်းက စတင်ကြေညာပြီး ခေါ်ယူရွေးချယ်ခဲ့တာဖြစ်ပါတယ်။