MacCoffee ပွဲတော်များကို ရန်ကုန်မြို့ရှိ Junction Square တွင် ကျင်းပပြုလုပ်သည့် အခမ်းအနားမှတဆင့် စတင်ခဲ့ပြီး ထောင်ပေါင်းများစွာသော လူအများသည် ဈေးဝယ်စင်တာ အလယ်ဗဟိုရှိ တမူထူးခြားသည့်  ကော်ဖီဆိုင် ပုံစံ ဖန်တီးထားသည့်နေရာတွင် ကော်ဖီချိန် အခိုက်အတန့်များကို ပျော်ရွှင်စွာဖြတ်သန်းရင်း အပန်းဖြေ အနားယူခဲ့ကြပါသည်။

နိုင်ငံတကာ အသိအမှတ်ပြုဆုရ အမှတ်တံဆိပ်ဖြစ်သည့် MacCoffee မှ ကမ္ဘာတစ်လွှားတွင် ရရှိခဲ့သော နှစ်ပေါင်း ၂၀ ကြာ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့်  မြန်မာနိုင်ငံရှိ ကော်ဖီချစ်သူများအတွက် ပွဲတော်များ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထိုနေ့က ကျင်းပပြုလုပ်တဲ့  အစီအစဉ်အတိုင်း မေလ ၂၆ ရက်နေ့တွင်လည်း MacCoffee “Coffee O-Clock” ပွဲတော်ကို မန္တလေးမြို့၊ Mingalar Mandalay ဈေးဝယ်စင်တာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

MacCoffee ဧ။် Marketing Manager ဖြစ်သော မတင်မျိုးဆက်၊ မော်လ်ဒယ်/သရုပ်ဆောင် ညိမ်းသော် နှင့်အတူ သရုပ်ဆောင် ယွန်းယွန်း တို့ ပါဝင်သည့် စကားဝိုင်းတစ်ခုကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာနိုင်ငံရှိ နေ့စဉ် လူနေမှုဘ၀များတွင် ကော်ဖီသည် အစိတ်အပိုင်း တစ်ခုအဖြစ် နေရာယူလာပုံ၊ ကော်ဖီကို စတင် ကြိုက်နှစ်သက်ခဲ့ပုံနှင့် ကော်ဖီမှရသည့် အကျိုးကျေးဇူးများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။

မတင်မျိုးဆက်က မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားသော ကော်ဖီ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် MacCoffee သည် MacCoffee The Original နှင့် MacCoffee White Coffee အမျိုးအစား နှစ်မျိုးကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း လူကြိုက်များလာသည်ကိုလည်း ပြောပြခဲ့သည်။

အခမ်းအနားသို့ ကြွရောက်လာသော ပရိတ်သတ်များအတွက် MacCoffee ၏ Brand Representative ဖြစ်သူ Myanmar Idol Season 2 ဆုရှင် သားငယ် မှ သီဆိုဖျော်ဖြေခဲ့ပြီး ပျော်ရွှင်စရာ ကာရာအိုကေပြိုင်ပွဲ အပါအဝင် ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ဆော့ကစားခဲ့သည်။

အခမ်းအနားတွင် စိတ်လှုပ်ရှားပျော်ရွှင်နေကြသော ပရိတ်သတ်များကို သားငယ်မှ အခမဲ့ MacCoffee များ လိုက်လံဝေမျှပေးခဲ့ပေးပြီး ပျော်ရွှင်စရာ ကော်ဖီချစ်သူပွဲတော်  “Coffee O-Clock” ကို ဆင်နွဲခဲ့သည်။

ကော်ဖီချစ်သူများသည် အလုပ်မအားလပ်သည့်တိုင် မနက်ခင်းအချိန်၊ အလုပ်လုပ်နေချိန်၊ သို့မဟုတ် ညနေခင်း အိမ်တွင် အပန်းဖြေအနားယူသည့် အချိန်များတွင် ကော်ဖီကို အချိန်ပေး သောက်သုံးလေ့ ရှိကြောင်းတွေ့ရှိရပါသည်။ MacCoffee ၏ ပွဲတော်များမှတဆင့် လူအများ၏ တစ်နေ့တာအတွင်း အနှစ်သက်ဆုံး ကော်ဖီချိန်များတွင် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမည့် ထူးခြားသည့် ကော်ဖီချိန် အခိုက်အတန့်များကို ဖန်တီးပေးရန် ရည်ရွယ်ပါသည်။