ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ ဆိုတဲ့ စကားလေးအတိုင်းပဲ ဆေးဖက်ဝင်အပင်တွေကို တကူးတကကြီး လိုက်ရှာဖွေဝယ်နေစရာမလိုပါဘူး။ သဘာဝကပေးထားတဲ့ အစားအစာတွေက ဆေးဖက်ဝင်တဲ့ဆေးဝါးတွေပဲဖြစ်ပါတယ်။

ရာသီအကူးအပြောင်းကြောင့် အအေးမိတုပ်ကွေးခံစားရတဲ့အခါမှာလည်း ထိုနည်းတူစွာပဲ မိမိ မီးဖိုချောင်ထဲမှာ ရှိပြီးသား အစားအသောက်တွေနဲ့ ကုသလို့ရပါတယ်။

ဂျင်း

နာကျင် ကိုက်ခဲခြင်း၊ အဖျားကြီးခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့ ခံစားရပါက ဂျင်းကို ရေနွေးပူပူလေးနဲ့သောက်ကြည့်လိုက်ပါ။ ဂျင်းက အစာချေစနစ်ကိုကောင်းမွန်စေတာကြောင့် အစာအိမ်အတွက် မှီဝဲသင့်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

ကြက်သွန်ဖြူ

ဖျားနာနေတဲ့အချိန်မှာ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ခံစားရမယ်ဆိုရင် ကြက်သွန်ဖြူကိုသာ သတိရလိုက်ပါ။ ကြက်သွန်ဖြူကို မိမိစားသုံးမယ့်အစားအစာထဲ ထည့်စားသုံးပေးမယ်ဆိုရင် ခံစားနေရတဲ့ ဝေဒနာများ တစ်ဝက်လောက် သက်သာမှာပဲဖြစ်ပါတယ်။

အမဲသား

မာတဲ့ အသားတွေကို နူးအောင် ဘယ်လိုချက်မလဲ။

အမဲသားထဲမှာ ဇင့်ဓာတ်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်အားနည်းတဲ့အခါ ကိုယ်ခံအားကျဆင်းပြီး ဗိုင်းရပ်စ်ပိုးများ ပွားများလာကာ တုပ်ကွေးမိတတ်ပါတယ်။ တုပ်ကွေးမိတော့မယ်လို့ ခံစားရပြီဆိုရင် လတ်ဆတ်တဲ့အမဲသားကို ကြက်သွန်ဖြူ၊ ဂျင်းစသည်တို့နဲ့ ချက်စားကြည့်ပါ။

ကြက်ပြုတ်ရည်

Source: goodtoknow.co.uk

သက်ကြီးရွယ်အိုများ၊ အားနည်းတဲ့ လူနာများ၊ နာမကျန်းဖြစ်တဲ့သူများအတွက် ကြက်ပြုတ်ရည်က အားအင်များ ပြန်လည်ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ကြက်ပြုတ်ရည်သောက်လိုက်တဲ့ ခန္ဓာကိုယ်ကို နွေးသွားစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်နေတဲ့အချိန်မှာတော့ ကြက်ပြုတ်ရည်ကို အရသာမျိုးစုံနဲ့ ချက်ပြုတ်မယ့်အစား သောက်လို့ရရုံ၊ အားပြည့်ရုံ၊ အရသာရှိရုံလောက်သာ ချက်ပြုတ်သင့်ပါတယ်။

ဗီတာမင် စီဓာတ်ကြွယ်ဝသော သစ်သီးများ၊ အစားအစာများ

Source: womensrunning.com

ဗီတာမင် စီဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းက အအေးမိတုပ်ကွေးဝေဒနာကို အရှင်းပျောက်ကင်းစေမှာ မဟုတ်ပေမယ့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး နေလို့ထိုင်လို့ ကောင်းစေပါတယ်။

အခန့်မသင့်လို့ ကိုယ်ခံအားနည်းပြီး နေမကောင်းဖြစ်တဲ့အခါမျိုးမှာ အခုဖော်ပြသွားတဲ့ အစားအစာလေးတွေကို သတိတရ စားသုံးပေးလိုက်ပါ။

Source: eatingwell.com