ခေါင်းကိုက်တာဟာ လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ လက္ခဏာရပ်ပါ။ ခေါင်းကိုက်အမြန်ဆုံးသက်သာပျောက်ကင်းဖို့ ခေါင်းကိုက်တာမျိုးမဖြစ်ဖို့ အတွက် အစားအစာကို ဂရုစိုက်စားပေးသင့်ပါတယ်။ ခေါင်းကိုက်ရင် မျက်ကြောကိုက်တာမျိုးလည်းဖြစ်တတ်ပြီး တော်တော်ကိုခံရခက်တယ်မလား။

theres-a-food-fix-for-every-type-of-headache

ရေဓါတ်ဖြည့်တင်းပါ

stay-hydrated

ရေဟာ အလိုအပ်ဆုံးအရာပါပဲ။ သင့်ကိုသင် ရေဓါတ်ပြည့်ဝနေအောင်နေပါ။ နွေရာသီမှာဆို ရေပိုသောက်ပေးသင့်ပါတယ်။ ရေကိုတစ်နေ့ ၈ ခွက် သစ်သီးဖျော်ရည်တစ်ခွက်သောက်ပေးပါ။ အရည်ရွှမ်းတဲ့အသီးတွေစားပါ။ ရေဓါတ်အပြည့်အ၀မရတာဟာ ခေါင်းကိုက်တာမျိုးဖြစ်စေပါတယ်။

အစားမစားဘဲမနေပါနဲ့

dont-skip-meals

အစားအလုံအလောက်မစားပေးတာဟာလည်း ခေါင်းကိုက်စေပါတယ်။ မနက်စာမစားတာမျိုး၊ နေ့လည်စာမစားတာမျိုးမလုပ်သင့်ပါဘူး။ ညဖက်မှာလည်း အလွန်အကျွံစားတာမျိုးလည်းမဖြစ်သင့်ပါဘူး။ ကျန်းမာရေးနဲ့ညီညွှတ်စွာ အစားပုံမှန်စားပါ။

ရေနွေးကြမ်းများများသောက်ပါ

drink-more-tea

မနက်စောစောမှာ ရေနွေးကြမ်းတစ်ခွက်သောက်ပြီး စတင်လိုက်ပါ။ ကော်ဖီအစား ရေနွေးကြမ်းသောက်ပေးပါ။

မဂ္ဂနီဆီယမ်ဓါတ်ပါတဲ့ အစားအစာများများစားပါ

add-more-magnesium-to-your-diet

တစ်နေ့ကို မဂ္ဂနီဆီယမ်ဓါတ် ၄၀၀ ကနေ ၅၀၀ ဂရမ်ထိစားပေးသင့်ပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ဟာ ခေါင်းနဲ့ လည်ပင်းက ကြွက်သားတင်းတာကို ပြေပျောက်စေလို့ ခေါင်းကိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင်အသီးအရွက်များ၊ အခွံမာသီး၊ အစေ့များ။

ဆော့လ်ရှောင်ပါ

avoid-asian-sauces

ဆော့လ်ကိုများများစားတာဟာ ခေါင်းကိုက်မှုကိုဖြစ်စေပါတယ်။

အစပ်စားပါ

eat-spicy-foods

ပူပူစပ်စပ် အစားအစာကိုစားလိုက်ရင် ချွေးထွက်ပြီး ခေါင်းကိုက်သက်သာစေပါတယ်။

အစားအစာတွေထဲမှာ ဂျင်း (သို့) နနွင်းထည့်ချက်ပါ

cook-with-ginger-or-turmeric

ခေါင်းကိုက်တာကို ကုသနိုင်ဖို့ ခေါင်းကိုက်ဝေဒနာကို ကြိုတင်ကာကွယ်ဖို့အတွက် ဂျင်းနဲ့ နနွင်းကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

အစိမ်းရောင်ဖျော်ရည်သောက်ပါ

make-a-green-smoothie

ညကအရက်သောက်လို့ မနက်ဖက်မှာ အရက်နာကျတာအပါအ၀င် ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေဖို့ အစိမ်းရောင်အသီးအရွက်ဖျော်ရည်ကိုသောက်သုံးပေးသင့်ပါတယ်။ သခွားသီး၊ ပန်းသီး၊ Spinach ရွက်စသည်။

သကြားလျှော့စားပါ

eat-less-sugar

ခေါင်းကိုက်တာတွေ သက်သာပျောက်ကင်းစေဖို့ သကြားစားသုံးမှုကို လျှော့ချပေးသင့်ပါတယ်။

ဗီတာမင် Dစားပါ

add-more-vitamin-d-to-your-diet

ခေါင်းကိုက်တာအတွက် ဗီမာင်မင် D ကလည်းများစွာအထောက်အကူဖြစ်စေပါတယ်။ ငါး၊ အမည်းအသည်း၊ ချိစ်၊ ကြက်ဥအနှစ်စသည်။

ခေါင်းကိုက်ဝေဒနာကင်းဝေးလို့ ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ရရှိပိုင်ဆိုင်ကြပါစေ။