အစားစားတယ်ဆိုတာလူနဲ့တည့်တယ်ဆိုပေမယ့်လည်း မစားသင့်တဲ့အချိန် စားသင့်တဲ့အချိန်ဆိုပြီးတော့လည်း ရှိပါသေးတယ်။ အစားစာဆိုတာ သင့်တော်တဲ့အချိန်တွေမှာ အာဟာရပြည့်ဝစွာ စားပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုနေပြီး မစားသင့်တဲ့အချိန်တွေမှာ မစဉ်းစားပဲစားသုံးနေမယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်လာနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ ညဘက်တွေမှာ ဘယ်လိုအစားစာမျိုးတွေကို မစားသင့်ဘူးလဲ?

ကော်ဖီသောက်တတ်တဲ့အကျင့်ကို ညဘက်တွေမှာမလုပ်တာက အကောင်းဆုံးပါပဲ။ နေ့ခင်းဘက်တွေမှာ သောက်တာကဘာမှမဖြစ်ဘူးဆိုပေမယ့် ညဘက်တွေမှာသောက်တာကျတော့ ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓာတ်က ဦးနှောက်လန်းဆန်းသွားစေတာကြောင့် အိပ်ပျော်မှုတွေကို အနှောက်ယှက်ဖြစ်စေပြီး အိပ်ရေးမဝတာမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်။

ချောကလက်ကလည်း ညဘက်မှာမစားသင့်တဲ့ထဲပါဝင်နေပါတယ်နော်။ တော်တော်များများသတိမထားမိတဲ့ အရာတစ်ခုပါပဲ။ ချောကလက်မှာလည်း ကဖင်းဓာတ်အနည်းငယ်ပါဝင်နေပြီး သကြားဓာတ်တွေကြောင့် သင့်ရဲ့အိပ်ချင်စိတ်တွေကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။

စပ်တဲ့အစားစာတွေကို အိပ်ယာဝင်ခါနီးအချိန်မှ စားလိုက်တာမျိုးကလည်း မှားယွင်းနေတဲ့အချက်ပါပဲ။ စပ်တဲ့အစားစာတွေကို စားတဲ့အခါမှာမှာ ရင်ပူတာတွေ၊ ဗိုက်အောင့်တာမျိုးတွေဖြစ်လာနိုင်တာကြောင့် စားမယ်ဆိုရင်လည်း အိပ်ယာဝင်ခါနီးအချိန်နဲ့ ဝေးဝေးမှာစားပေးတာက အကောင်းဆုံးဖြစ်မှာပါ။

အရက်သောက်တတ်တဲ့အကျင့်က အိပ်ခါနီးမှာဖြစ်နေမယ်ဆိုရင်တော့ ကောင်းတာတွေတစ်ခုမှမရှိပါဘူး။ အရက်သောက်လိုက်ရင် အချိန်ကြာလာရင် အိပ်ချင်စိတ်ဖြစ်စေတယ်ဆိုပေမယ့်လည်း အိပ်ယာဝင်ခါနီးအချိန်နဲ့ အရမ်းကပ်ပြီးသောက်တာမျိုးကတော့ အဆင်မပြေပါဘူးနော်။

အချိုများလွန်းတဲ့အစားစားတွေက သင့်ဦးနှောက်ကိုလန်းဆန်းသွားစေတာကြောင့် အိပ်ရာဝင်ခါနီးအချိန်တွေမှာ လုံးဝမစားပေးသင့်ပါဘူး။ ရေခဲမုန့်တို့။ သကြားလုံးတို့ကို အိပ်ခါနီးအချိန်မှာ စားပေးတာတွေကိုရှောင်ပါနော်။

ဒီအစားစာတွေကတော့ သင့်ကျန်းမာရေးအတွက်နဲ့ ပတ်သက်ပြီးအိပ်ယာဝင်ခါနီးအချိန်တွေမှာ မစားပေးသင့်တဲ့ အစားစာတွေဖြစ်တာကြောင့် ရှောင်နိုင်ဖို့အတွက် သေချာလေးမှတ်ထားဖို့တော့လိုမယ်နော်။

Photo Source: Pexels