တွဲတာအချိန်ကြာသွားရင်တော့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်ပြီး ဘာမှမဆိုပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရတဲ့အနေအထားမျိုးပေါ့။ ဒါပေမယ့် အခုမှစတွဲပြီး ပထမဆုံးချိန်းတွေ့မယ့် ရက်မှာမုန့်တူတူသွားစားမယ်ဆိုရင် မရွေးချယ်သင့်တဲ့အစားစာတွေနဲ့အကြောင်းအရင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

Sushi

Sushi ဆိုတာ ဂျပန်လူမျိုးတွေရဲ့ အကြိုက်ဆုံးနဲ့ နာမည်ကြီးတဲ့အစားစာပါ။ စားလို့သိပ်ကောင်းပြီး အရသာလည်းရှိတယ်ဆိုပေမယ့် Sushi ကိုကိုယ်ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ စားဖို့ရွေးချယ်တာကိုရှောင်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Sushi ကအားလုံးသိကြတဲ့အတိုင်းပဲ စားပြီဆိုရင် တစ်ခုလုံးကိုပါးစပ်ထဲကို ထည့်ရတာလေ။ ပထမဆုံးရက်မှာ ဟန်မပျက်သပ်သပ်ရပ်ရပ်လေးဖြစ်ချင်ရင်တော့ ရှောင်သင့်တယ်နော်။

Barbecue

Barbecue ဆိုတာကလည်း တကယ်ကိုစားလို့ကောင်းလွန်းတဲ့ အစားစာမျိုးပါ။ ဒါပေမယ့် ချစ်သူနဲ့စပြီးတွေ့တဲ့နေ့မျိုးမှာ Menu ရွေးချယ်တော့မယ်ဆိုရင် Barbecue ကိုဖယ်ထားသင့်ပါတယ်။ Barbecue ကိုစားတာက အခက်မသင့်ရင် လက်တွေကိုပေကျံစေတာမျိုးတွေ၊ ပါးစပ်ကိုပေသွားတာမျိုးတွေ ဖြစ်စေတာကြောင့် မသင့်တော်ပါဘူး။

စပ်တဲ့အစားစာတွေ

မိန်းကလေးတော်တော်များများကတော့ စပ်တဲ့အစားစာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ချစ်သူနဲ့ချိန်းတွေ့တဲ့အခါမျိုးမှာတော့ ဒီလိုမျိုး စပ်တဲ့အစားစာတွေကိုလုံးဝမစားသင့်ပါဘူး။ စပ်တဲ့အစားစာတွေက အစာအိမ်အတွက်လည်းမကောင်းသလို စားလိုက်လို့စပ်နေတဲ့အချိန်မှာလည်း သိတဲ့အတိုင်းနှာရည်ကျတာမျိုးတွေ ဖြစ်တတ်တာဆိုတော့ ဒီလိုပုံစံမျိုးတွေကို အခုမှစတွေ့တဲ့သူကို မမြင်စေသင့်ဘူးလေ။

Photo Source: Shutterstock