လူတစ်ယောက်မှာတစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ဆိုတာ အရမ်းကိုအရေးကြီးလွန်းပါတယ်။ တစ်ခါတစ်လေမှာ ချွေးလေးနည်းနည်းလောက်ထွက်လိုက်တာနဲ့ ခန္ဓာကိုယ်ကနေအနံ့ဆိုးတွေထွက်လာပြီး တော်တော်လေးကိုရှက်စရာကောင်းပါတယ်။ တစ်ချို့တွေကြတော့လည်း တစ်ကိုယ်ရည်သန့်ရှင်းမှုလုပ်ရဲ့သားနဲ့ အစားအသောက်နေထိုင်မှုစနစ်တွေကြောင့် ခန္ဓာကိုယ်မှာအနံ့ဆိုးထွက်နေတာမျိုးတွေလည်းရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုးမကောင်းတဲ့အနံ့သက်တွေကို ပျောက်ကင်းစေဖို့ စားပေးသင့်တဲ့အစားစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရှောက်သီးကိုက ခန္ဓာကိုယ်အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ချေဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်မှာရှိသင့်တဲ့ pH Level ကိုလည်းထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အနံ့ဆိုးတွေကိုလျော့နည်းစေချင်ရင် မနက်မိုးလင်းတိုင်းမှာ ရှောက်သီးအရည်ညစ်ထည့်ထားတဲ့ ရေကိုသောက်ပေးသင့်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်ကိုပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာချွေးထွက်တာတွေကိုလည်း လျော့နည်းစေပြီး ကိုယ်အပူချိန်ကိုလည်းထိန်းညှိပေးထားနိုင်ပါတယ်။ ဒီလိုဆိုတော့ ခန္ဓာကိုယ်ကချွေးသိပ်မထွက်တော့ပဲ အနံ့ဆိုးတွေကိုလည်းမထွက်စေတော့ဘူးပေါ့။

ရေနွေးကြမ်းသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေလျော့သွားစေတာကြောင့် ပုံမှန်လေးနေ့တိုင်းသောက်ပေးသွားမယ်ဆိုရင် စိတ်ညစ်စရာကောင်းတဲ့ အနံ့ဆိုးတွေကိုတဖြည်းဖြည်းနဲ့ လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။