တစ်ခါတစ်လေမှာ စိတ်ကမကြည်မလင်နဲ့၊ ခန္ဓာကိုယ်ကလည်းမလန်းမဆန်းဖြစ်ပြီး ပင်ပန်းတဲ့နေရက်မျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘာလုပ်လုပ်အဆင်မပြေတော့ပဲ စိတ်တွေကလည်းပိုပြီးတော့ ရှုပ်ထွေးလာတတ်တာပေါ့။

ဒီလိုနေ့ရက်မျိုးတွေမရှိရလေအောင် လန်းဆန်းစေမယ့် အစားစာမျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖရဲသီး

လန်းဆန်းတက်ကြွပြီး ကျန်းမာရေးကောင်းဖို့ ရေများများသောက်ပေးရသလိုပဲ ဖရဲသီးကလည်း ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေတဲ့ အသီးဖြစ်တာကြောင့် ပုံမှန်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ ရေဓာတ်တွေပြည့်ဝလာတာကြောင့် ပေါ့ပါးလန်းဆန်းလာစေမှာပဲဖြစ်ပါတယ်။

ချင်း

မနက်တိုင်းမှာ ရေနွေးပူပူလေးတစ်ခွက်ထဲကို ချင်းပါးပါးလေးတွေလှီးထည့်ပြီး သောက်ပေးမယ်ဆိုရင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးလန်းဆန်းစေမှာပဲဖြစ်ပါတယ်နော်။

နာနတ်သီး

ရာသီဥတုပူအိုက်နေတဲ့အချိန်မျိုးမှာ အရသာလည်းရှိပြီး အရည်လည်းရွှမ်းတဲ့ နာနတ်သီးကိုစားပေးလိုက်မယ်ဆိုရင် စိတ်ကိုလည်းလန်းဆန်းသွားစေပြီး စားပြီးသွားတဲ့အချိန်မှာ သူ့ရဲ့အရသာကြောင့် ခန္ဓာကိုယ်လည်းပေါ့ပါးလန်းဆန်းသွားသလို ထင်ရစေမှာပဲဖြစ်ပါတယ်။

ငါး

ငါးကိုပုံမှန်လေးစားပေးတာက ခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါကောင်းကျိုးတွေ ရရှိလာစေမှာပဲဖြစ်ပါတယ်။ ငါးမှာ ပရိုတင်းဓာတ်တွေပါဝင်နေပြီး ကယ်လိုရီပါဝင်မှုလည်းနည်းတာကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဟော်မုန်းဓာတ်တွေကိုလည်း ထိန်းထားနိုင်ပြီး လန်းဆန်းတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ရစေနိုင်ပါတယ်။

Photo Source: Shutterstock