မိန်းကလေးတစ်ယောက်အတွက် ခန္ဓာကိုယ်ကောက်ကြောင်းလှနေဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုမျိုး ပြင်ဆင်တာက ပုရိသတွေအတွက်မဟုတ်ပဲ ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံမှာ လှပပြီးကြည့်ကောင်းနေစေဖို့ပဲဖြစ်ပါတယ်။ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်တဲ့အခါမှာ ရှိသင့်တဲ့နေရာလေးတွေရှိပြီး လှပနေတာကပိုပြီးတော့ကြည့်ကောင်းနေစေပါတယ်။

ဒီတော့ တင်ပါးလေးတွေလှဖို့ ကြိုးစားနေကြတဲ့သူတွေအနေနဲ့ ဒီအစားစာတွေကို အဓိကထားပြီးစားပေးသင့်တယ်နော်။

ကြက်ရင်ဖုံ

ကြက်ရဲ့ရင်ဖုံနေရာကို စားပေးမယ်ဆိုရင် ကြွက်သားတွေကိုဖွံ့ဖြိုးစေဖို့ ကောင်းစွာအထောက်အကူပြုပေးပြီး တင်ပါးဖွံဖြိုးဖို့ကြိုးစားနေတဲ့အချိန်မှာ ကောင်းကောင်းအားဖြစ်စေပါတယ်နော်။

နွားနို့

ပရိုတင်းဓာတ်တွေပါတဲ့ သောက်စရာမျိုးတွေကို သောက်ပေးမှလည်း ကြွက်သားဖွံ့ဖြိုးဖို့အတွက် ကူညီပေးနိုင်မှာပေါ့။ ဒါကြောင့်လေ့ကျင့်ခန်းတွေ လုပ်ပြီး ၁၅ မိနစ်လောက်ကြာတဲ့အချိန်မှာ နွားနို့တစ်ခွက်ကိုသောက်ပေးဖို့ မမေ့နဲ့နော်။

ငါး

ငါးစားပေးတာကို ဉာဏ်ရည်ကိုဖွံဖြိုးစေရုံသာမကပဲ သင့်ခန္ဓာကိုယ်လှပဖို့အတွက် လေ့ကျင့်ခန်းလုပ်တာတွေကို ပိုပြီးထိရောက်မှုရှိအောင်လည်း လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်နော်။

ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်တွေများစွာပါဝင်နေတာကြောင့် ကြွက်သားတွေကြီးမားသန်စွမ်းဖို့အတွက် ကောင်းကောင်းဆောင်ရွက်ပေးနိုင်ပါတယ်။

ကန်စွန်းဥ

လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန်မျိုးတွေမှာ ကန်စွန်းဥကိုစားပေးမယ်ဆိုရင် သင့်ကိုပိုပြီးအထောက်အကူဖြစ်စေမှာပါ။ ကိုယ်အလေးချိန်တိုးစေဖို့လည်း အများကြီးကူညီပေးနိုင်ပါတယ်နော်။

ဒီအစားစာတွေကို သင်ရဲ့ခန္ဓာကိုယ်အလှအပအတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အထောက်အကူဖြစ်စေပြီး ရလဒ်ကောင်းမြန်မြန်ရဖို့အတွက် စားပေးဖို့မမေ့သင့်ဘူးနော်။

Photo Source : Pexels