Hungry နဲ့ Angry ဟာ အလွန်နီးစပ်ပါတယ်။ ဗိုက်အလွန် ဆာလာတဲ့ အချိန်မှာ လူတွေဟာ စိတ်ဆိုး ဒေါသထွက်လွယ်ကြပါတယ်။ ဆာလာတဲ့ အချိန်မှာ မြန်မြန်နဲ့ လွယ်လွယ်စားနိုင်တဲ့ အစားအစာမျိုးကို မြန်မြန် စားသင့်ပါတယ်။ ကျန်းမာရေးကို မထိခိုက်စေဘဲ မြန်မြန်ဗိုက်ပြည့်စေမယ့် အစားအစာတွေ ရှိပါတယ်။

၁။ ဟင်းနုနွယ်ရွက်

အစိမ်းရောင် အရွက်တွေဟာ ဗိုက်ပြည့်စေဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဟင်းနုနွယ်ကတော့ ခြွင်းချက်ပါ။ ဟင်းနုနွယ်ရွက်ကို သုပ်စားရင်ပဲ ဖြစ်ဖြစ် ကြော်စားရင် ဖြစ်ဖြစ် ဗိုက်ပြည့်လွယ်စေပါတယ်။ ကယ်လိုရီ ပါဝင်မှု မများတဲ့ အတွက် ဝိတ်တက်မှာလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။

၂။ ပန်းသီး

ပန်းသီးကတော့ ဗိုက်ပြည့်စေဖို့အတွက် အလွယ်ဆုံးပါ။ ကျန်းမာရေးနဲ့ သင့်လျော်ပြီး ကိုယ်ခန္ဓာ ထိန်းချင်သူတွေ အတွက်လည်း အသုံးဝင်မယ့် နည်းလမ်းပါ။

၃။ သစ်ကြားသီး

သစ်ကြားသီးဟာ လွယ်လွယ်ကူကူ ဗိုက်ပြည့်စေမယ့် အစားအစာထဲမှာ ပါဝင်ပါတယ်။ သစ်ကြားသီးဟာ ဗိုက်ပြည့်စေရုံသာမက အစာ ထပ်မစားချင်အောင်လည်း တင်းတိမ်စေပါတယ်။

၄။ ကြက်ဥ

ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ ကြက်ဥတွေ ဒါမှမဟုတ် ငုံးဥတွေဟာ ဗိုက်ပြည့်စေဖိုပ အတွက် လွယ်ကူပါတယ်။ ပြုတ်ထားတဲ့ ဥတွေကို အလွယ်တကူ စားပြီး ဝမ်းဗိုက်ကို တင်းတိမ်စေနိုင်ပါတယ်။ မနက်စာနဲ့ နေ့လည်စာတွေမှာ ကြက်ဥတွေ ပါအောင် စားပေးရင် ကိုယ်အလေးချိန် ထိန်းသိမ်းပြီးသား ဖြစ်ပါလိမ့်မယ်။

၅။ ပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်တွေဟာ အစာအိမ်ကို ဖြည့်တင်းဖို့ လွယ်ကူစေတဲ့ အစားအစာပါ။ ဗိုက်ပြည့်လွယ်ပြီး အစာ ထပ်စားချင်စိတ်ကိုပါ တားဆီးပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ သရေစာ မဟုတ်ပေမယ့် သင် သိပ် ဆာလောင်နေရင်တော့ မြန်မြန်စားလိုက်ပါ။

Credit: prevation.com