လူတိုင်းလိုလိုမှာ သမ်းဝေတာ မရပ်နိုင်တဲ့ နေ့တွေ ရှိဖူးကြမှာပါ။ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်လို့ပဲ ဖြစ်ဖြစ်၊ တစ်ညလုံး အလုပ်လုပ်နေရလို့ပဲ ဖြစ်ဖြစ် နောက်နေ့တွေမှာ မလန်းဆန်းဘဲ သမ်းဝေနေတတ်တာမျိုးတွေ ရှိကြမှာပါ။ ဒါပေမယ့် ကော်ဖီဟာ ဒီလို ပြဿနာမျိုးတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါက မှားယွင်းတဲ့ အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဆို ဘယ်လို အစားအစာတွေကို စားသင့်ပါသလဲ။

၁။ ဂျုံမုန့်

Oatmeal လို့ခေါ်တဲ့ ဂျုံနဲ့လုပ်ထားတဲ့ မုန့် တစ်ပန်းကန်ကို မနက်စာအဖြစ် စားသုံးပေးသင့်ပါတယ်။ အသစ် တစ်မျိုးမျိုးနဲ့ ရောစားပေးလို့ ရပါတယ်။

၂။ ရေသောက်ပါ

ဟုတ်ပါတယ်။ ရေသောက်ခြင်းဟာ သင့်ကို ပိုပြီး နိုးကြွစေပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ရေးပျက်ခြင်းဟာ ကိုယ်ထဲက ရေဓာတ်ပမာဏကို လျော့နည်းစေပြီး ကိုယ်ခန္ဓာ လုပ်ဆောင်ချက်တွေကို ပုံမှန်မဖြစ်စေပါဘူး။ ဒီလို အကြောင်းပြချက်ကြောင့် မနက်စောစော အိပ်ယာ ထရင် ရေသောက်ပေး ရတာပါ။ နေ့လယ်နေ့ခင်းတွေမှာ အိပ်ချင်စိတ် ဖြစ်လာရင်လည်း ကော်ဖီစက်တွေဆီ မသွားဘဲ ရေပဲ သောက်လိုက်ပါ။

၃။ ပန်းသီးဗင်နီကာ

သိပ္ပံနည်းကျတဲ့ အချက်အလက်တွေတော့ မရှိပေမယ့် မနက်ပိုင်းမှာ ပျားရည်၊ ရေနဲ့ ပန်းသီးဗင်နီကာကို ရောပြီး သောက်ရင် လန်းဆန်းစေမှာတော့ အမှန်ပါပဲ။ Energy ပေးပြီး ခေါင်းမကြည်တာတွေကို အဝေးလွှင့်သွားစေပါတယ်။

၄။ ပဲကျားစေ့

ပဲကျားစေ့တွေဟာ ဦးနှောက်အတွက် ကောင်းမွန်တဲ့ အိုမီဂါ၃ အက်ဆစ်တွေကို ပေးပါတယ်။ ဒါက ပိုပြီး လန်းဆန်းဖို့ ကူညီပေးတဲ့ တစ်ခုပါပဲ။ မနက်ပိုင်းမှာ ပဲကျားစေ့ အနည်းငယ်ကို စားပေးခြင်းဖြင့် ပြန်ပြီး တက်ကြွစေပါတယ်။

၅။ အစိမ်းရောင် အရွက်တွေ

အစိမ်းရောင် အော်ဂန်းနစ် အသီးအရွက်တွေက လူကို အမြဲတမ်း လန်းဆန်းတက်ကြွစေပါတယ်။ သူတို့မှာ ဗီတာမင် ဘီ အများကြီး ပါဝင်ပြီး ကိုယ်ခန္ဓာ အတွက် စွမ်းအင်တွေ ပေးဖို့ ကူညီပါတယ်။ မနက်စာထဲမှာ အသီးအရွက်သုပ်ပဲ ဖြစ်ဖြစ် အရွက်တွေကို ကြော်စားတာပဲ ဖြစ်ဖြစ် စားပေးပါ။

၆။ ကြက်ဥ

ကြက်ဥတွေဟာ ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုရင်တော့ ဒါဟာ ကောလဟာလပါ။ မနက်စာ အနေနဲ့ ကြက်ဥတစ်လုံးစားလိုက်ရင်ဖြင့် ပရိုတိန်းဓာတ် အများကြီး ရစေပါတယ်။ တစ်နေ့လုံးအတွက် လိုအပ်တဲ့ စွမ်းအင်တွေရစေပါတယ်။ တစ်နေကုန် လန်းဆန်းစေပြီး တက်ကြွစေဖို့ မနက်စာကို ကြက်ဥစားပေးပါ။

Credit: prevention