အိုမင်းရင့်ရော်မှုကို မြန်ဆန်လာခြင်းကို ဘယ်သူကမှ မနှစ်သက်ကြပါဘူး။ မျိုးရိုးဗီဇကလည်း အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတဲ့ အကြောင်းအရင်း တစ်ခုဖြစ်ပြီး ဆေးလိပ်သောက်ခြင်း၊ နေလောင်ဒဏ်ခံရခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများ စားသုံးခြင်းတို့ကြောင့်လည်း အသက်အရွယ်လျင်မြန်စွာ ကြီးရင့်လာတတ်ပါတယ်။

အသက်အရွယ်ကြီးရင့်မှု မြန်ဆန်လာခြင်းက အလှအပသာမက ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ဆီးချုရောဂါ ခံစားရခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကလည်း အသက်အရွယ်ကြီးရင့်မှု မြန်ဆန်လာခြင်းရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။

အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းမှ ရှောင်ကြဉ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို ရှောင်ကြဉ်ပေးရပါမယ်။

အသင့်စား အစားအစာများ

အလုပ်များလွန်းတဲ့လူတွေက အလွယ်တကူစားသုံးနိုင်သော အသင့်စား အစားအစာများ စားသုံးရင်း ဗိုက်ဖြည့်လေ့ရှိကြပါတယ်။ ထိုအသင့်စား အစားအစာတွေထဲမှာ အငန်ဓာတ်ပါဝင်မှုများပြီး ကျန်းမာရေးကို ထိခိုက်စေတာကြောင့် သေသေချာချာချက်ပြုတ်ပြင်ဆင်ထားသော အစားအစာများကိုသာ စားသုံးသင့်ပါတယ်။

စွမ်းအားဖြည့် အချိုရည်များ သောက်သုံးခြင်း

တကယ်လို့ သင့်မှာ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေဖို့အတွက် စွမ်းအင်အများအပြားလိုအပ်တယ်ဆိုရင် စွမ်းအားဖြည့်အချိုရည်များ မှီဝဲခြင်းထက် အိပ်ရေးဝဝ အိပ်စက်အနားယူသင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းက သင့်ကို ကျန်းမာရေးကောင်းစေပြီး အရွယ်တင်နုပျိုစေပါတယ်။

စွမ်းအားဖြည့်အချိုရည်တွေထဲမှာတော့ အချိုဓာတ်၊ ကာဖိန်းဓာတ်၊ ဆိုဒီယမ်ဓာတ်နဲ့ အက်ဆစ်ဓာတ်များ မြင့်မားစွာပါဝင်ပါတယ်။ ရေဓာတ်ခမ်းခြောက်စေပြီး သွားများကို ဝါထိန်စွန်းထင်းစေပါသေးတယ်။

သကြားလုံးများ

သကြားဓာတ်များပြားတဲ့ အစားအစာများကို စားသုံးခြင်းက သွားများကို ပျက်စီးစေတဲ့အပြင် ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါဆဲလ်များကို ဖြစ်ပွားစေပါတယ်။ ဒါ့ကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေလိုပါက အချိုစာများ လျော့စားပေးရပါမယ်။

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားများ

ဝက်ဆားနယ်ခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း စတဲ့ အစားအစာများက ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာများဖြစ်ပြီး ဓာတုပစ္စည်းများ များပြားစွာပါဝင်ပါတယ်။ ထိုဓာတုပစ္စည်းများက နှလုံးရောဂါ၊ ကင်ဆာရောဂါများကို ဖြစ်ပေါ်စေပြီး အသားအရေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

Source: Organicwelcome.com

Featured Image Source: thinkclinicalpsychologists.com.au