မိုက်ခရိုဝေ့ဟာ အစားစာတွေကို ပြန်နွေးတဲ့အခါ လွယ်ကူပြီး မြန်ဆန်စေတာကြောင့် လူသုံးများပါတယ်။ မိုက်ကရိုဝေ့ထဲ ၁မိနစ် ၂မိနစ်ဆို ရနေပါပြီ။ ထမင်းအကျန်တွေ၊ စွပ်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်တွေဟာ မိုက်ခရိုဝေ့ထဲ ပြန်ထည့်နွေးစားလို့ အဆင်ပြေတဲ့ အရာတွေပါ။ ဒါပေမယ့် တချို့အစားအစာတွေကတော့ မိုက်ခရိုဝေ့ထဲ မထည့်ဘဲ ရိုးရိုးမီးဖိုနဲ့သာ ပြန်နွေးရင် ပိုကောင်းပါတယ်။
အဲ့ဒီ အစားအစာတွေကတော့ ၆မျိုး ရှိပါတယ်။ ဒါဆို သူတို့ကို ဘယ်လို နွှေးမလဲဆိုတာ ကြည့်ရအောင်!
၁။ ကြက်ကြော်
ကြက်ကြော်ကို မိုက်ကရိုဝေ့ထဲ ပြန်နွေးစားတာထက် ဒယ်ပိုင်းနဲ့ ပြန်နွေးတာ အဆင်ပြေစေပါတယ်။ ကြက်ကြော်တွေကို ဒယ်ထဲမှာ ထည့်ပြီး အဖုံးအုပ်ထားပါ။ 375 ဒီဂရီဖာရင်ဟိုက် အပူနဲ့ ၁၀မိနစ်ခန့် ထားပါ ပြီးရင် အဖုံးဖယ်လိုက်ပါ။ အပေါ်ယံတွေ နီလာတဲ့အထိ ခဏဆက်ထားပါ။ အဲ့ဒါဆို ကြက်ကြော်အထဲထိ ပူပြီး ပြန်စားလို့ အဆင်ပြေစေပါတယ်။
၂။ ပီဇာ
မိုက်ကရိုဝေ့ထဲမှာ မနွေးဘဲ Oven မှာပဲ နွေးလို့ အဆင်ပြေမယ့် အစားအစာပါ။ 375 ဒီဂရီဖာရင်ဟိုက်အပူနဲ့ အပေါ်က ချိစ်တွေ ပျော်သွားတဲ့အထိ နွေးပေးပါ။
၃။ ပါစတာ
ပါစတာ အမျိုးအစားပေါ် မူတည်ပြီး ပြန်နွေးရပါတယ်။ ဒါပေမယ့် သူကလည်း မိုက်ကရိုဝေ့နဲ့ အဆင်မပြေပါဘူး။ ရေဆူနေတဲ့ အိုးပေါ်မှာ ပြန်ပေါင်းထားသလိုမျိုး ၃၀-၄၅ စက္ကန့်ထိ နွေးရပါတယ်။
၄။ ကင်ထားတဲ့အသားတွေ
အသားကင်တွေကို မိုက်ကရိုဝေ့မှာ နွေးဖို့ အဆင်မပြေပါဘူး။ သူတို့ကို နွေးရင် နည်းနည်း ပါးပါး ပြန်လှီးပြီး နွေးတာ ပိုကောင်းပါတယ်။ အပူအချိန်ကတော့ အနေတော်ထားပြီး ဒယ်ပိုင်းထဲကို ဆီနည်းနည်းထည်ပါ။ အသားတွေရဲ့ ဘေးနားတွေ ညိုလာပြီဆိုရင် အပူအထဲကို ကောင်းကောင်း ရောက်ပြီမို့ စားလို့ ရပါပြီ။
၅။ အာလူးချောင်းကြော်
အာလူးချောင်းကြော်တွေကို သူ့တို့ မူလအရသာ မပျက်စေဘဲ နွှေးရတာ ခက်ပါတယ်။ အကောင်းဆုံး ပြန်နွှေးဖို့ကတော့ ဆီနည်းနည်းနဲ့ Nonstick Pan တွေ လိုပါတယ်။ နည်းနည်းပြန်ညိုအောင် လှိမ့်ပြီး မီးပိတ်လိုက်ပါ ပြီးရင် ဆီစုပ်စက္ကူပေါ်တင်ထားလိုက်ပါ။
၆။ ဆီပြန်ချက်ထားတဲ့ဟင်းတွေ
ဆီတွေအများကြီးနဲ့ ချက်ထားတဲ့ ဟင်းတွေဆိုရင်လည်း ဒယ်ပိုင်းနဲ့ နွေးတာ ပိုအဆင်ပြေပါတယ်။
ပြန်နွှေးပြီး စားတတ်တဲ့ အကျင့်ဟာ မြန်မာလူမျိုးတွေမှာ ရှိတတ်ပါတယ်။ နွှေးစားတာဟာ တစ်ခါပဲ ကောင်းပါတယ်။ အခါခါ နွှေးစားတဲ့အခါ အစားအစာတွေဟာ မလတ်ဆတ်တော့ဘဲ မူလ အရသာ ပျက်စီးစေတဲ့ အပြင် အစာကြေဖျက်ရာမှာလည်း အခက်တွေ့စေတတ်ပါတယ်။
Credit: foodnetwork