ကမ္ဘာအနှံ့မှာ နှလုံးရောဂါက လူသေဆုံးမှု အများဆုံး ရောဂါတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ နှလုံးသွေးကြော ပိတ်ပြီး သွေးလည်ပတ်မှု မကောင်းတာကြောင့် လေဖြတ်တာနဲ့ နှလုံး ရုတ်တရပ်ပြီး သေဆုံးမှုတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် နှလုံး သွေးကြောပိတ်တာကို သက်သာ ပျောက်ကင်းစေမယ့် အစားအစာများကို ဝေမျှချင်ပါတယ်။

Green Tea2

Green Tea မှာ Actechins ဓာတ်တွေ ကြွယ်၀ စွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး အားအင်ပြည့်ဝစေပါတယ်။ အဲ့ဒီအပြင် Antioxidants တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးတဲ့အပြင် ကိုလက်စထရော ဓာတ်ကိုလည်း လျော့ချပေးပါတယ်။ ဒါကြောင့် Green Tea ကို တစ်နေ့ ၁ ခွက်ကနေ ၂ ခွက်ကြား သောက်သင့်ပါတယ်။

ပင်လယ် ရေညှိ

Source: California Academy of Sciences

ပင်လယ်ရေညှိ (Seaweed) မှာ Antioxidants, ဗီတာမင်၊ သတ္တုဓာတ်၊ Carotenoids နဲ့ ပရိုတင်း တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီဓာတ်တွေက သွေးလည်ပတ်မှုအားကို ကောင်းစေပြီး၊ သွေးဖိအားကို ထိန်းညှိပေးကာ သွေးအတွင်း ကိုလက်စထရော ကိုလည်း ၁၅ ရာခိုင်နှုန်းလောက် လျော့ချပေးပါတယ်။

သံလွင်ဆီ5

သံလွင်ဆီကို ဂရိများနှင့် အီတာလီယျံသားများက ရာစုနှစ်နဲ့ချီပြီး အသုံးပြုခဲ့ကြတာကြာပါပြီ။ သူ့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေပါဝင်ပြီး ကိုလက်စထရော ဓာတ်ကို လျော့ချပေးကာ နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလည်း ၄၁ ရာခိုင်နှုန်းလျော့ချပေးပါတယ်။

ပန်းဂေါ်ဖီစိမ်းtwo-heads-of-broccoli

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K ကြွယ်ဝစွာပါဝင်ပြီး နှလုံးသွေးလွှတ်ကြောပိတ်တာကို ကာကွယ်ပေးပြီး၊ ကိုလက်စထရော ဓာတ်ကို လျော့ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။

ကညွှန့်

Asparagus

ကညွှန့်က သွေးအတွင်း ကိုလက်စထရော အဆင့်ကို လျော့ချပေးနိုင်တဲ့ အဓိက အစားအစာဖြစ်ပါတယ်။ သူ့မှာ သွေးအတွင်း ပိတ်ဆို့မှုများကိုလည်း လျော့ကျဖယ်ရှားပေးနိုင်ပါတယ်။

Featured Image Source: Daily Express